သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝဝန်းကျင် ဖျက်ဆီးသူ နိုင်ငံတကာတရားရုံးက အရေးယူမည်


သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးတာတွေ၊ သဘာဝသယံဇာတာတွေကို တရားမဝင် ထုတ်ယူနေတာတွေနဲ့ မြေယာမဲ့ဖြစ်အောင် တရားမဝင်လုပ်ဆောင်နေတာတွေ နဲ့ ဆက်နွယ်တဲ့ ပြစ်မှုတွေကို အဓိကအလေးပေးလုပ်ဆောင်သွားမယ်လို့ နိုင်ငံတကာ ရာဇဝတ်တရားရုံးက ပြောလိုက်ပါတယ်။ ကုလသမဂ္ဂက ကျောထောက်နောက်ခံပေး ထားတဲ့ The Hague အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံးဟာ ၂၀၀၂ ခုနှစ်က စတင်တည်ထောင်ချိန်ကစပြီး အများအားဖြင့်တော့ လူမျိုးတုံးသတ်ဖြတ်မှု နဲ့ စစ်ရာဇဝတ်မှုတွေကို စီရင်ဆုံးဖြတ်တာဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်ဖျက်ဆီးမှု နဲ့ မြေယာသိမ်းဆည်းမှုတွေက အစိုးရတွေနဲ့ လူပုဂ္ဂိုလ်တဦးချင်းစီကိုလည်း လူသားမျိုးနွယ်တွေအပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ တရားစွဲတာတွေအထိဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ကြာသာပတေးနေ့မှာ ပြောလိုက်ပါတယ်။ အခုလို ICC က ပြောလိုက်တာ ကို မြေယာပိုင်ဆိုင်မှု အခွင့်အရေးလှုပ်ရှားသူတွေက အကြီးအကျယ်ကြိုဆို လိုက်ပါတယ်။

အစဉ်အလာအားဖြင့် သိပ်ပြီးတော့တရားစွဲဆိုလေ့မရှိတဲ့ ဒီလိုပြစ်မှုတွေကို ပြစ်မှု အဖြစ်နဲ့ တရားစွဲသွားဖို့ အခုအခါမှာ ICC က စဉ်းစားလာနေတာဖြစ်ပါတယ်။

ကမ္ဘာတဝှမ်းမှာ မြေယာသိမ်းဆည်းမှုတွေကို ပိုပိုတွေ့လာနေရပြီး၊ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အစိုးရနဲ့ ဒေသခံအစိုးရတွေက ပုဂ္ဂလိက ကုမ္ပဏီတွေကို မြေ ဟက်တာ သန်းပေါင်းများစွာ ခွဲဝေပေးတာတွေလုပ်ခဲ့ပါတယ်။ ဒီလိုလုပ်တာကြောင့် အတော်များများဟာ သူတို့ရဲ့ နေရာတွေကနေ အတင်းအကြပ်ဖယ်ခိုင်းခံရတာ၊ ဌာနေတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုဆိတ်သုဉ်းအောင်လုပ်ခံရတာ၊ အဟာရချို့တဲ့တာတွေ နဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးတာတွေဖြစ်စေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလှုပ်ရှားနေတဲ့ Global Witness အဖွဲ့ကြီးက ပြောလိုက်ပါတယ်။

သဘာဝဝန်းကျင် ဖျက်ဆီးသူ နိုင်ငံတကာတရားရုံးက အရေးယူမည်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG