သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ထိပ်တန်းခေါင်းဆောင် တဦး လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံး


IS အကြမ်းဖက်အဖွဲ့ရဲ့ မြို့တော်လို့ ခေါ်နေကြတဲ့ ဆီးရီးယားနိုင်ငံ Raqqa မြို့အပါအဝင် ဆီးရီးယားမြို့ပြမြေပုံ။
IS အကြမ်းဖက်အဖွဲ့ရဲ့ မြို့တော်လို့ ခေါ်နေကြတဲ့ ဆီးရီးယားနိုင်ငံ Raqqa မြို့အပါအဝင် ဆီးရီးယားမြို့ပြမြေပုံ။

ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ ဒီလအစောပိုင်းက တိကျတဲ့ စီးနင်းတိုက်ခိုက်မှု တခုအတွင်း IS အကြမ်းဖက်အဖွဲ့ရဲ့ အဆင့်အမြင့်ဆုံး ခေါင်းဆောင်တဦး သေဆုံးသွားတယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောဆိုလိုက်ပါတယ်။

Dr. Wa’il လို့လည်း သိကြတဲ့ IS စစ်သွေးကြွအဖွဲ့ရဲ့ ပြန်ကြားရေးဝန်ကြီး Wa’il Adil Salman al-Fayad ကို စက်တင်ဘာလ ၇ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်မှုတခု အတွင်း သေဆုံးခဲ့တာဖြစ်တဲ့အကြောင်း ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် Peter Cook ကပြောဆိုခဲ့တာပါ။

IS အကြမ်းဖက်အဖွဲ့ရဲ့ မြို့တော်လို့ ခေါ်နေကြတဲ့ ဆီးရီးယားနိုင်ငံ Raqqa မြို့မှာ Fayad ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ လေကြောင်းတိုက်ခိုက်တဲ့ အချိန်မှာ - အိမ်ဘေးနားက ဆိုင်ကယ်လ်တစင်းပေါ်မှာ ထိုင်နေခဲ့တယ်လို့ - လေကြောင်း တိုက်ခိုက်မှုကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ရတဲ့ ကာကွယ်ရေး အရာရှိတဦးက ဗွီအိုအေကို သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

သေဆုံးသွားသူ Fayad ဟာ - အဖွဲ့ဝင်တွေကို အမိန့်ပေးစေခိုင်းပြီး၊ လိုက်နာအောင် လုပ်ဆောင်ရတဲ့ - IS စစ်သွေးကြွအဖွဲ့ရဲ့ အဆင့်မြင့် ကောင်စီမှာ ထင်ရှားသူ အဖွဲ့ဝင်တဦးလည်း ဖြစ်ခဲ့ပါတယ်။ ဓားစာခံတွေကို ကွပ်မျက်ရာမှာနဲ့ ညှဉ်းပမ်းနှိပ်စက်ရာမှာ အဖွဲ့အတွက် ဝါဒဖြန့်ဖို့ ဗွီဒီယိုဖိုင်တွေ ရိုက်ကူးထုတ်လုပ်ရာမှာလည်း အဓိက ကြီးကြပ်ရသူဖြစ်ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ရဲ့အဆိုအရ - သေဆုံးသူ Fayad ဟာ - သြဂုတ်လ ၃၀ ရက်နေ့က မဟာမိတ်အဖွဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တဲ့ - IS စစ်သွေးကြွအဖွဲ့ ပြောခွင့်ရသူလည်းဖြစ်၊ မဟာဗျူဟာမှူးလည်းဖြစ်တဲ့ Abu Muhammad al-Adnani နဲ့ ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဘက် တဦးဖြစ်တယ်လို့ ဆိုပါတယ်။ Adnani သေဆုံးမှုကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ အမေရိကန်တပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG