သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇီကာဗိုင်းရပ်စ်ထိ ကလေးငယ်တွေ ထိုင်းမှာမွေးဖွား


ခြင်မပြန့်ပွါးအောင် ထိုင်းမှာနှိမ်နှင်း၊ စက်တင်ဘာ ၁၄၊ ၂၀၁၆
ခြင်မပြန့်ပွါးအောင် ထိုင်းမှာနှိမ်နှင်း၊ စက်တင်ဘာ ၁၄၊ ၂၀၁၆

ထိုင်းနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ ကလေးငယ် ၂ ယောက် မွေးဖွားခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။ အရှေ့တောင်အာရှမှာ ဒါဟာ မိခင်ကနေတဆင့် ဇီကာဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး ပထမဆုံး မွေးလာတဲ့ ကလေးတွေ ဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေက ဇီကာဗိုင်းရပ်စ်ပိုးကို တွေ့ရှိတယ်လို့ ကြေညာလိုက်ပြီးတဲ့နောက်မှာတော့ ဇီကာဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ဖို့အတွက် အခုထက်ပိုပြိး ထိထိရောက်ရောက်လုပ်ဆောင်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က ဒေသတွင်းနိုင်ငံတွေကို သောကြာနေ့က တိုက်တွန်းလိုက်ပါတယ်။

Microcephaly လို့ခေါ်တဲ့ ပုံမှန်ထက် ဦးခေါင်းခွံသေးငယ်တဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ ကလေးငယ် ၃ ယောက်ကို ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ပြီးတဲ့နောက် ၂ ယောက်က ဇီကာဗိုင်းရပ်ပိုး ကူးစက်ခံနေရတာ ဖြစ်တယ်လို့ ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက အကြီးတန်းအရာရှိက သောကြာနေ့က ကြေညာချက်မှာ ပြော ထားပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးက အများအားဖြင့် ခြင်ကိုက်ရာကနေ ကူးစက်တာဖြစ်ပြီး၊ ကိုယ်ဝန်ဆောင်မိခင်တွေကို ကူးစက်ခံရရင် မိခင်ကိုရော မမွေးလာသေးတဲ့ ကလေးရဲ့ ကျန်းမာရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတာဖြစ်ပြီး ကလေးမွေးလာတဲ့အခါမှာလည်း ကလေးတွေရဲ့ ဦးခေါင်းဟာ ပုံမှန်ထက်ကို သေးနေတတ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG