သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတောင်ပိုင်း ဗုံးကွဲမှု


ထိုင်းနိုင်ငံ Pattani ဗုံးခွဲမှု၊ ဂျူလိုင် ၅၊ ၂၀၁၆
ထိုင်းနိုင်ငံ Pattani ဗုံးခွဲမှု၊ ဂျူလိုင် ၅၊ ၂၀၁၆

ထိုင်းနိုင်ငံတောင်ပိုင်း Pattani ခရိုင်က ညဈေးတခုမှာ တနင်္လာနေ့ညပိုင်းက ဗုံးပေါက်ကွဲလို့ လူ တယောက်သေဆုံးပြီး ၁၉ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပြီးတဲ့နောက် ဒီကနေ့အစောပိုင်းမှာတော့ ခရိုင်တွင်း လုံခြုံရေးကို တာဝန်ရှိသူတွေက တင်းကျပ်ထားပါတယ်။ ပက်ထာနီ ခရိုင်ဟာ မူစလင်ခွဲထွက်ရေးသမားတွေ ဆယ်စုနှစ်တစုကျော် လက်နက်ကိုင် ပုန်ကန်နေတဲ့ ဒေသပါ။ ထိုင်းနိုင်ငံတောင်ပိုင်းက ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့မြို့တွေမှာ တပြိုင်နက်တည်း ချိန်ကိုက်လုပ်ဆောင်တဲ့ ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး နှစ်လ အကြာမှာ အခုတိုက်ခိုက်မှု ဖြစ်တာပါ။ မူစလင်စစ်သွေးကြွတွေက တိုက်ခိုက်တာလို့ ရဲတပ်ဖွဲ့က ပြောထားတဲ့ အဲဒီအချိန်က တိုက်ခိုက်မှုတွေအတွင်း ထိုင်း နိုင်ငံသား လေးဦး သေဆုံးပြီး နိုင်ငံခြားသားတွေ အပါအဝင် လူဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ တနင်္လာနေ့ညတိုက်ခိုက်မှုနဲ့ပတ်သက်လို့တော့ တိုက်ခိုက်သူတွေကို စုံစမ်း ရှာဖွေနေဆဲ ဖြစ်ပြီး ကနဦး စုံစမ်းစစ်ဆေးမှုတွေအရကတော့ ဒီတိုက်ခိုက်မှုမှာ လူ တဦးထက်မနည်း ပါဝင် ပတ်သက်နေပုံရတဲ့အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း Pattani ၊ Yala နဲ့ Narathiwat ခရိုင်သုံးခုမှာ လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကာလအတွင်း လက်နက်ကိုင်ပုန်ကန်မှုတွေကြောင့် လူပေါင်း ၆၅၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ ထိုင်းနိုင်ငံမှာ မလေးရှားနိုင်ငံနဲ့ ထိစပ်နေတဲ့ တောင်ပိုင်းဒေသမှာတော့ မူစလင်အများစု နေထိုင်တာဖြစ်ပါတယ်။

please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG