သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CLMV ထိပ်သီးအစည်းအဝေး ဦးထင်ကျော်တက်ရောက်


CLMV အစည်းအဝေး ဦးထင်ကျော် အဖွင့်မိန့်ခွန်းပြော၊ ၂၆ အောက်တိုဘာ၊ ၂၀၁၆။
CLMV အစည်းအဝေး ဦးထင်ကျော် အဖွင့်မိန့်ခွန်းပြော၊ ၂၆ အောက်တိုဘာ၊ ၂၀၁၆။

သမ္မတဦးထင်ကျော်တက်ရောက်တဲ့ တရက်ကြာ CLMV ထိပ်သီးအစည်းအဝေး အဆုံးမှာ အိမ်ရှင် ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc က အဖွဲ့ဝင် ငါးနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ပိုကောင်းအောင်လုပ်ဖို့ လိုတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒါမှသာလျှင် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ အလားအလာကောင်းကို ခိုင်မာအောင် လုပ်နိုင်မှာဖြစ်ပြီး ခရီးသွား၊ သဘာ၀ မြေသြဇာသုံး စိုက်ပျိုးရေးနဲ့ သတင်းအချက် အလက်နည်းပညာလို ကဏ္ဍတွေမှာ အခွင့်အလန်း အသာရမှာဖြစ်တယ်လို့ ဗီယက်နမ် ဝန်ကြီးချုပ်က ပြောပါတယ်။

CLMV အဖွဲ့ထဲက ဖွံ့ဖြိုးမှုနိမ့်တဲ့ နိုင်ငံတွေအနေနဲ့ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်တဲ့နိုင် ငံတွေကို အမီလိုက်ရေး ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမလဲဆိုတာတွေကိုလည်း ဆွးနွေးကြပါတယ်။ CLMV အဖွဲ့ထဲမှာ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေ ပါဝင်ပါတယ်။

please wait

No media source currently available

0:00 0:00:40 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG