အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းမှာ သဘောထားအကွဲပြားဆုံးနဲ့ တဖက်စွန်းအရောက်ဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ ရွေးကောက်ပွဲတရပ်ကို ကျင်းပနေပါပြီ။ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton နဲ့ Republican သမ္မတလောင်း Donald Trump တို့ဟာ ပြည်နယ်အတော်များများမှာ တနင်္လာနေ့က တက်သုတ်ရိုက် မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။