အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်၊ သမ္မတရုံးစိုက်ရာ ဝါရှင်တန်ဒီစီနဲ့ လည်း မနီးစပ်၊ နိုင်ငံ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးနယ်ပယ်က ဝါရင့်ပုဂ္ဂိုလ်တဦးလည်းမဟုတ်တဲ့သူ၊ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့လည်း တစိမ်းသက်သက် အလှမ်းဝေးတဲ့သူ စီးပွားရေးလုပ်ငန်းရှင်ကြီးတယောက် အမေရိကန်သမ္မတအဖြစ် အရွေးခံရပြီဆိုတော့ အမေရိကန်နဲ့ မြန်မာနိုင်ငံဆက်ဆံရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိလာနိုင်သလဲဆိုတာတွေကို အမေရိကန်ပြည်ထောင်စုက အမေရိကန်နိုင်ငံရေးလေ့လာအကဲခတ်နေတဲ့ ဒေါက်တာတင့်ဆွေ၊ နိုင်ငံရေးအကဲခတ်ဦးအောင်သူငြိမ်း၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးတို့နဲ့အတူ ဒေါ်ခင်စိုးဝင်းက ဗွီအိုအေသောတရှင်တွေနဲ့ ဆွေးနွေးထားတာ နားဆင်ပါ။