သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားနိုင်ငံခြားရေးဌာနက ရခိုင်အရေး ဘဝင်မကျလို့ မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်မည်


မောင်တောမြို့နယ်တွင်းက မူဆလင်ကျေးရွာသားများ။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)
မောင်တောမြို့နယ်တွင်းက မူဆလင်ကျေးရွာသားများ။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)

ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာမူဆလင်တွေကို နှိမ်နင်းနေတာနဲ့ ပါတ်သတ်လို့ စိုးရိမ်ကြောင်း ပြောကြားဖို့ မြန်မာသံအမတ်ကို ဆင့်ခေါ်သွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ပြောပါတယ်။ ရခိုင်ပြည်နယ်ထဲက အခြေအနေတွေအပေါ် မကြေနပ်တာကြောင့် အရှေ့တောင်အာရှနိုင်ငံတွေ မှာ မြန်မာအစိုးရအပေါ် ဆန္ဒပြနေကြတာပါ။

ရခိုင်ပြည်နယ်ထဲက မတည်မငြိမ်မှု အခြေအနေတွေကြောင့် ရိုဟင်ဂျာမူဆလင် အများအပြားဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြသလို အမျိုးသားသွေးစည်း ညီညွတ်ရေးအတွက် အလေးထားလုပ်ဆောင်သွားမယ်လို့ ကတိပေးပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့အတွက်လည်း ဒါဟာ စိန်ခေါ်မှုတရပ်ဖြစ်နေပါတယ်။

နောက်ထပ် မတည်မငြိမ်မှုတွေ တိုးဖြစ်ပွါးမလာအောင် အားလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့လည်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။ ဒီမတိုင်ခင် ရက်ပိုင်းတုန်းကတော့ မလေးရှားဝန်ကြီးတယောက်က ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေကို ကန့်ကွက်တဲ့အနေနဲ့ ဆူဇူကီးဖလား ဘောလုံးပွဲတွေကနေ မလေးရှားအသင်း နှုတ်ထွက်ကောင်း ထွက်မယ်လို့ ပြောခဲ့ပေမယ့် မလေးရှားအသင်းအနေနဲ့ ဆက်ပြီး ပါဝင်ကစားသွားမှာဖြစ်တယ်လို့ မလေးရှားအစိုးရက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG