သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဇီအကျဉ်းစခန်းတံခါး နော်ဝေးမှာတွေ့


နာဇီအကျဉ်းစခန်းတခုဖြစ်ခဲ့တဲ့ “ Dachau”
Dachau Nazi concentration camp.
နာဇီအကျဉ်းစခန်းတခုဖြစ်ခဲ့တဲ့ “ Dachau” Dachau Nazi concentration camp.

တချိန်က နာဇီအကျဉ်းစခန်းတခုဖြစ်ခဲ့တဲ့ “ Dachau” မှာ အသုံးပြုခဲ့ဖူးတဲ့ ဂိတ်တံခါးမကြီးဖြစ်နိုင်တဲ့ တံခါးရွက်တခုကို နော်ဝေနိုင်ငံ အနောက်ပိုင်းမှာ ဂျာမနီ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။

“အလုပ်က လွတ်မြောက်ခွင့်ပေးလိမ့်မယ်” - ဆိုပြီး ဆောင်ပုဒ်ရေးထိုးထားတဲ့ ဂိတ်တံခါးကိုတော့ နော်ဝေအနောက်တောင်ဘက် ကမ်းရိုးတန်းက Bergen မြို့အနီးမှာ အမည်မဖော်လိုသူတဦးရဲ့ သတင်းပေးချက်အရ ရှာဖွေရာမှာ တွေ့ရှိခဲ့တဲ့ အကြောင်း - ဂျာမနီနိုင်ငံ ဘာဗေးရီးယား (Bavaria) ပြည်နယ် ရဲတပ်ဖွဲ့က ပြောဆိုခဲ့တာပါ။

ရဲတပ်ဖွဲ့က အခိုးခံခဲ့ရတဲ့ ဂိတ်တံခါးဖြစ်ကြောင်း အတည်မပြုပေမဲ့ - လက်ခံရရှိထားတဲ့ ဓာတ်ပုံအရ - ဒါချောင်အကျဉ်းစခန်းက အခိုးခံရတဲ့ သံတံခါး ဖြစ်နိုင်တဲ့ အလားအလာတွေ များတယ်လို့ ကြေညာချက်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အလေးချိန် ကီလိုဂရမ် ၁၀၀ ရှိတဲ့ ဂိတ်တံခါးကိုတော့ - ဂျာမနီနိုင်ငံ မြူးနစ်မြို့အပြင်က ကီလိုမီတာ အနည်းငယ်အကွာမှာရှိတဲ့ အကျဉ်းစခန်းဟောင်း ကနေ လွန်ခဲ့တဲ့ ၂ နှစ်ကျော်တုန်းက အခိုးခံခဲ့ရတာ ဖြစ်ပါတယ်။

အကျဉ်းစခန်းဟောင်းကိုတော့ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျူးလူမျိုး ၄ သောင်း ၁ ထောင်ကျော်ကို သတ်ဖြတ်ရာမှာ နာဇီတွေက အသုံးပြုခဲ့တာဖြစ်ပြီး၊ ၁၉၄၅ ခုနှစ်ကျမှ အမေရိကန်တပ်ဖွဲ့တွေက စခန်းကို သိမ်းပိုက် ကယ်တင်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ ပိုလန်နိုင်ငံက နာဇီလူသတ်အကျဉ်းစခန်းတခုဖြစ်တဲ့ Auschwitz က နာဇီအထိမ်းအမှတ်တခုကိုလည်း ဆွီဒင်နိုင်ငံက ခေတ်သစ်နာဇီဝါဒီ တဦးကနေ ၂၀၀၉ ခုနှစ်မှာ ခိုးယူခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ သူ့ကို ဖမ်းမိပြီး၊ ခိုးမှုနဲ့ ထောင်ဒဏ် ၂ နှစ်ကျော် အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG