သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားလပ်ရက်ကာလ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ် FBI သတိပေး

အားလပ်ရက်ခရီးထွက်သူများ နယူးယောက်မြို့လေယာဉ်ကွင်းတခုမှာတန်းစီနေ။ ၂၃ ဒီဇင်ဘာ၊ ၂၀၁၆ ။
အားလပ်ရက်ခရီးထွက်သူများ နယူးယောက်မြို့လေယာဉ်ကွင်းတခုမှာတန်းစီနေ။ ၂၃ ဒီဇင်ဘာ၊ ၂၀၁၆ ။

IS စစ်သွေးကြွတွေဟာ ဘုရားကျောင်းတွေ နဲ့ ခရစ္စမတ်အားလပ်ရက်ကာလ လူသွားလူလာများတဲ့နေရာတွေကို တိုက်ခိုက်ဖို့ပြောနေတယ်လို့ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗြူရို (FBI) က နိုင်ငံတဝှမ်းမှာရှိတဲ့ ဒေသခံရဲတပ်ဖွဲတွေ နဲ့ လုံခြုံရေးတွေကို သတိပေးလိုက်ပါတယ်။

စစ်သွေးကြွတွေက သူတို့ပစ်မှတ်ထားတိုက်ခိုက်နိုင်တဲ့ နေရာတွေ နဲ့ ဘုရားကျောင်းတွေကို သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လိုက်ပြီးတဲ့နောက် အခုလို သောကြာနေ့ ကြေငြာခဲ့တာဖြစ်ပါတယ်။

နိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့ အနီးနားပတ်ဝန်းကျင်တွေမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သတိရှိကြဖို့ နဲ့ မသင်္ကာစရာလှုပ်ရှားမှုတွေ တွေ့ရင်သတင်းပေးကြဖို့ အကြံပေးထားတယ်လို့ FBI ပြောခွင့်ရ Andrew Ames ကသောကြာနေ့မှာ ပြောပါတယ်။

FBI အနေနဲ့ ဒီခြိမ်းခြောက်မှုက ဘယ်လောက်အထိဖြစ်နိုင်သလဲဆိုတာကို စုံစမ်းစစ်ဆေးနေချိန်မှာပဲ၊ ဒီကိစ္စကို ခြေရာခံလိုက်နေတယ်လို့လည်း သူက ပြောပါတယ်။

ဂျာမနီနိုင်ငံမှာ ဘာလင်မြို့မှာ လူ ၁၂ ယောက်သေဆုံးပြီး၊ ၅၆ ယောက် ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ IS အဖွဲ့က တနင်္လာနေ့က ပြောလိုက်ပါတယ်။

အားလပ်ရက်ကာလ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ် FBI သတိပေး
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG