သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိသံအမတ်သတ်ဖြတ်သူ ဘရာဇီးလ် ရဲထံဝန်ခံ


ဂရိသံအမတ်ရဲ့ ဇနီးကို ရဲတို့ကစောင့်ကြပ်ခေါ်ဆောင်လာပုံ။(ဒီဇင်ဘာ ၃၁၊ ၂၀၁၆)

ဘရာဇီးလ်နိုင်ငံဆိုင်ရာ ဂရိသံအမတ်ရဲ့ဇနီးနဲ့ ဖောက်ပြန်နေတဲ့ ဘရာဇီးလ်ရဲကသံအမတ်ကိုသတ်ဖြတ်ခဲ့တယ်ဆိုတာ ဝန်ခံလိုက်ပြီလို့ ဘရာဇီးလ် ရဲတို့ကပြောပါတယ်။ သံအမတ်ကို တနင်္လာနေ့မှာ အသက်ရှင်လျှက် နောက်ဆုံး တွေ့ခဲ့ရတာဖြစ်ပါတယ်။ Rio de Janeiro မြို့အနီး Nova Iguacu အရပ်မှာ မီးလောင်ထားတဲ့ ဌားလာတဲ့ ကားထဲမှာ သံအမတ် Kyriakos Amiridis လို့ ယူဆရတဲ့ အလောင်းတလောင်း ကိုတွေ့ခဲ့တယ်လို့ စုံစမ်းရေးတွေကပြောပါတယ်။သံအမတ်စုံတွဲဟာ အားလပ်ရက်အပန်းဖြေခရီးအဖြစ် အဲ့ဒီကို ရောက်နေတာဖြစ်ပြီး ဇန်နဝါရီလ ၉ ရက်နေ့မှာ အလုပ်ပြန်ဝင်ဖို့ရှိနေတာပါ။

ဒါပေမယ့်လည်းတနင်္လာနေ့ညမှာ အိမ်ကနေ ထွက်သွားတဲ့ သံအမတ် ပြန်ရောက်မလာဘူးဆိုပြီး ဇနီးဖြစ်တဲ့ Françoise Oliveira ကရဲဌာနကို ဗုဓ္ဒဟူးနေ့က အကြောင်းကြားခဲ့တာပါ။ သံအမတ်စုံတွဲ အပန်းဖြေနေတဲ့အိမ်က ဆိုဖာပေါ်မှာ သံအမတ်ဆီကလို့ ယူဆရတဲ့ သွေးစ တွေ တွေ့ရတယ်လို့ စုံစမ်းရေးအရာရှိတွေကသောကြာနေ့မှာ ပြောပါတယ်။

သံအမတ်ကို တနင်္လာနေ့ နှောင်းပိုင်းအဲဒီ အိမ်မှာ သတ်ပြီးတော့ အလောင်းကို ကားထဲရွှေ့ခဲ့တာလို့ ရဲအရာရှိ Sergio Moreira ကဝန်ခံပါတယ်။ အဲ့ဒီနောက် ကားကို အခုရှာတွေ့တဲ့နေရာဆီမောင်းပို့ပြီး မီးရှို့ခဲ့တာပါ။

အလောင်းကို ရဲအရာရှိရဲ့ဝမ်းကွဲတယောက်က ငွေကြေးလက်ခံပြီး ကူညီရွှေ့ပေးခဲ့တယ်လို့ ရဲတို့က ယူဆထားပါတယ်။ သံသယရှိခံထားရတဲ့ သံအမတ်ရဲ့ဇနီး၊ ရဲအရာရှိနဲ့ ဝမ်းကွဲ တို့ကို ရဲဌာနမှာ ထိန်းသိမ်းထားပါတယ်။ သံအမတ်ဇနီးမောင်နှံမှာ အသက် ၁၀ နှစ်အရွယ်သမီးတဦးရထားပါတယ်။

ဂရိသံအမတ်သတ်ဖြတ်သူ ဘရာဇီးလ် ရဲထံဝန်ခံ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG