သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန် သြစတြေးလျ လုံခြုံရေး ပူးပေါင်းမှုမြှင့်


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ သြစတေးလျဝန်ကြီးချုပ်တို့ သတင်းစာရှင်းလင်းပွဲ၊ ၁၄ ဇန်နဝါရီ။ ၂၀၁၇။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ သြစတေးလျဝန်ကြီးချုပ်တို့ သတင်းစာရှင်းလင်းပွဲ၊ ၁၄ ဇန်နဝါရီ။ ၂၀၁၇။

သြစတြေးလျားနဲ့ ဂျပန်နှစ်နိုင်ငံကြား စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လုပ်ဆောင်ဖို့ ၂နိုင်ငံ ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။ တရုတ်ရဲ့ စစ်အင်အား အားကောင်းလာတာကို စိုးရိမ်နေတဲ့ ဂျပန်က အာရှ ပိစိဖိတ်ဒေသအတွင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကုန်သွယ်ရေးနဲ့ ဒေသတွင်း လုံခြုံရေးကိစ္စတွေကို သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့မှာ ဆွေးနွေးခဲ့ပြီးနောက် ပိုကောင်းမွန်အောင် ပြင်ဆင်လိုက်တဲ့ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ကြတယ်လို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ သြစတြေးလျဝန်ကြီးချုပ် Malcolm Turnbull တို့ကပြောသွားပါတယ်။

ဒီသဘောတူညီချက်အရ နှစ်နိုင်ငံစစ်တပ်တွေဟာ စစ်ရေးလေ့ကျင့်မှုအတွင်း ထောက်ပို့ဆိုင်ရာ အကူအညီတွေပးနိုင်မှာ ဖြစ်ပြီး ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ လွယ်ကူအောင်သဘောတူညီမှု ရဖို့လည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

သြစတြေးလျားနဲ့ ဂျပန်နှစ်နိုင်ငံကြား ဆက်ဆံရေးဟာ အနီးကပ်ဆုံးကို ရောက်ရှိနေပြီး အရင်ထက်အားကောင်းကာ အပြုသဘောအဆန် ဆုံးဖြစ်တယ်လို့ ဝန်ကြီးချုပ်၂ဦးတွေ့ဆုံအပြီး မစ္စတာ Turnbull ကပြောသွားပါတယ်။ ပစိဖိတ်ဒေသအတွင်း တရုတ်က စစ်အင်အားကြီး နိုင်ငံအဖြစ် ပေါ်ထွက်လာချိန်မှာ လုံခြုံရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်ဖို့ ရည်ရွယ်ပြီး ၄နို င်ငံခရီးစဉ်ရဲ့ ဒုတိယ ခရီးတထောက်အဖြစ် မစ္စတာ Abe က သြစတြေးလျားနိုင်ငံကို သောကြာနေ့က ရောက်လာခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG