သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတသစ် ကျမ်းကျိမ်ပွဲနဲ့ ကမ္ဘာတဝန်း ဆန္ဒပြလှုပ်ရှားမှုများ


နယူးယောက်မှာ ထရမ့်ကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲများ။ ( ဇန်နဝါရီ ၁၉-၂၀၁၇)
နယူးယောက်မှာ ထရမ့်ကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲများ။ ( ဇန်နဝါရီ ၁၉-၂၀၁၇)

ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရမ့် သမ္မတသစ်အဖြစ်နဲ့ ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုဖို့ လုပ်နေချိန်မှာပဲ၊ အမေရိကန်ပြည်ထောင်စု နယူးယောက်အပါအဝင် လန်ဒန် ၊ မနီလာစတဲ့ ကမ္ဘာ့ မြို့ကြီးတွေမှာလည်း သူ့ကိုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကျင်းပခဲ့ကြပါတယ်။

နယူးယောက်မြို့မှာတော့ - ကျမ်းသစ္စာကျိန်ဆိုပွဲ အကြိုဆန္ဒပြတဲ့ အနေနဲ့ ဟောလီးဝုဒ်က ကမ္ဘာကျော် ရုပ်ရှင်မင်းသား မင်းသမီးတွေဖြစ်တဲ့ Robert Di Nero, Julianne Moore နဲ့ Mark Ruffalo တို့ အပါအဝင် ဆန္ဒပြသူ ရာပေါင်းများစွာက ထရမ့်နိုင်ငံတကာဟိုတယ် နဲ့ ထရမ့် အဆောက်အအုံရှေ့မှာ မနေ့ကြာသပတေးနေ့က ဆန္ဒပြခဲ့ကြပါတယ်။

အခုလိုဆန္ဒပြရတာဟာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြတဲ့သူတွေကို အားတက်စေဖို့ ဖြစ်တယ်လို့ ဆန္ဒပြပွဲစီစဉ်သူတွေက ပြောပါတယ်။ နယူးယောက်မြို့ခံတွေကတော့ - ထရမ့်အစိုးရလက်ထက်မှာ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွေ ၊ သဘာဝပတ်ဝန်းကျင် နဲ့ တခြားကိစ္စရပ်တွေကို သူတို့ဘာသာသူတို့ မူဝါဒတွေချမှတ်လုပ်ဆောင်သွားမယ်လို့ ကြုံးဝါးပြောဆိုထားပါတယ်။

ဒါ့အပြင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာလည်း ဒေါ်နယ်လ်ထရမ့်က မက္ကဆီကိုနယ်စပ်ကို တံတိုင်းတွေကာမယ်ဆိုတာကို ကန့်ကွက်တဲ့အနေနဲ့ တံတိုင်းတွေကာရံမယ်အစား တံတားတွေဆောက်ပါဆိုတဲ့ စာတန်းကြီးကို လန်ဒန်မြို့ရဲ့ အထင်ကရ Tower တံတားကြီးပေါ်မှာ ချိတ်ဆွဲခဲ့သလို၊ Thames မြစ်အတွင်းမှာလည်း မော်တော်ဘုတ် လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ကမ္ဘာ့နိုင်ငံတဝှမ်းက တိုရွန်တို၊ ဆစ်ဒနီ၊ အဒစ်္စအဘာဘာ၊ ဒဗ္ဗလင် နဲ့ မနီလာမြို့တွေမှာလည်း ဆန္ဒတွေပြခဲ့ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ လက်ဝဲဝါဒီတွေ နဲ့ မွတ်စလင်တက်ကြွလှုပ်ရှားသူတွေက - ဖိလစ်ပိုင်သမ္မတ ဒူတာတေးကို ဒေါ်နယ်လ်ထရမ့် နဲ့ ခပ်ကင်းကင်းနေဖို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန်သမ္မတသစ် ကျမ်းကျိမ်ပွဲနဲ့ ကမ္ဘာတဝန်း ဆန္ဒပြလှုပ်ရှားမှုများ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG