သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝါရှင်တန်က အမျိုးသမီးအရေးလှုပ်ရှားမှု


Women's March လှုပ်ရှားမှု၊ ဝါရှင်တန်ဒီစီ။ ၂၁ ဇန်နဝါရီ ၂၀၁၇။ Photo: Yan Naing (VOA)

Donald Trump သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးနောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာ သူ့ရဲ့ မူဝါဒရေးရာကို ဆန့်ကျင်ကန့်ကွက်ဖို့ နိုင်ငံတဝှမ်းက ထောင်သောင်းချီတဲ့လူတွေ ဝါရှင်တန်ဒီစီက လွှတ်တော်အဆောက်အအုံမှာ စုဝေးနေကြပါပြီ။ Women’s March On Washington ဆိုတဲ့ အမျိူးသမီးများချီတက်ပွဲ လှုပ်ရှားမှု စီစဉ်သူတွေကလည်း ထောင်သောင်းချီတဲ့လူတွေ ဒီကနေ့ စနေနေ့မှာ ရောက်လာဖို့မျှော်မှန်းထားတာပါ။ ဝါရှင်တန်ဒီစီမှာ ဒီကနေ့ ဘတ်စ်ကားပေါင်း ၁ သောင်း၈ ထောင် ရပ်နားခွင့်တောင်းထားတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဒါဟာ လူပေါင်း တသိန်းနီးပါး ဘတ်စ်ကားတွေနဲ့ လာမယ်ဆိုတဲ့သဘောပါ။ ဒီပွဲကို တက်ရောက်လာမယ့် အနုပညာရှင်တွေထဲမှာ ရုပ်ရှင်သရုပ်ဆောင် Scarlett Johnansson၊ အဆိုတော် Katy Perry နဲ့ Walking Dead တီဗွီဇာတ်လမ်းတွဲမင်းသမီး Danai Gurira တို့နဲ့အတူ ထင်ရှားတဲ့အမျိုးသမီးအရေးလှုပ်ရှားသူ Gloria Steinem တို့လည်းတက်ရောက်လာကြမှာပါ။

အလားတူ စုဝေးဆန္ဒပြပွဲတွေ လန်ဒန်နဲ့ ဆစ်ဒနီအပါအဝင် ကမ္ဘာတဝှမ်းက မြို့ကြီး ၂၀ မှာကျင်းပဖို့လည်း စီစဉ်ထားပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးဟာ လူ့အခွင့်အရေးဖြစ်တယ်ဆိုတာ သမ္မတသစ်ရဲ့ပထမဆုံးနေ့မှာပဲ သတင်းစကားပါးလိုတယ်လို့Women’s March လှုပ်ရှားမှု စီစဉ်သူတွေကပြောပါတယ်။ Trump လက်ထက်မှာ ခြိမ်းခြောက်ခံနေရတယ်ဆိုတဲ့ လူမျိုးရေးနဲ့ ကျား-မ တန်းတူညီမျှမှုရှိရေး၊ လူတိုင်းတတ်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုရရေးနဲ့ ကိုယ်ဝန်ဖျက်ချခွင့် တွေကိုတောင်းဆိုသွားမယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

Women's March လှုပ်ရှားမှု၊ ဝါရှင်တန်ဒီစီ။ ၂၁ ဇန်နဝါရီ ၂၀၁၇။
Women's March လှုပ်ရှားမှု၊ ဝါရှင်တန်ဒီစီ။ ၂၁ ဇန်နဝါရီ ၂၀၁၇။

Women’s March လှုပ်ရှားမှုမှာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆန့်ကျင်ရေး၊ သဘာ၀၀န်းကျင် ထိန်းသိမ်းရေး နဲ့ အလုပ်သမားတွေ ရဲ့အခွင့်အရေးကိုကာကွယ်ရေးတွေပါဝင်သလို မသန်စွမ်းသူတွေ၊ ရွေ့ပြောင်းနေထိုင်ကြသူတွေနဲ့လိင်တူချစ်သူတွေ ရဲ့အရေးကိစ္စတွေပါဝင်ပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲနဲ့အချိန်ကိုက် ကမ္ဘာတဝှမ်းလုံးမှာ လူထုစုဝေးပွဲပေါင်း ၆၀၀ ထက်မနည်း တပြိုင်ထဲကျင်းပဖို့စီစဉ်ထားပါတယ်။ စုဝေးဆန္ဒပြပွဲကို လွှတ်တော်အနီး၊ မနက်ပိုင်းမှာဟောပြောပွဲတွေ ဖျော်ဖြေရေးတွေနဲ့ စတင်မှာဖြစ်ပြီး နေ့လည်ပိုင်းမှာတော့ သမ္မတအိမ်ဖြူတော်ကို လမ်းလျှောက်ချီတက်ကြမှာဖြစ်ပါတယ်။

ဝါရှင်တန်က အမျိုးသမီးအရေးလှုပ်ရှားမှု
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG