သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆရီနာဝီလျံ တင်းနစ် ဂရမ်းစလမ်း စံချိန်သစ်တင်


ဆရီနာဝီလျံ အောင်ပွဲခံနေစဉ်၊ ၂၈ ဇန်နဝါရီ ၂၀၁၇။

သြစတြေးလျအိုးပင်းတင်းနစ် အမျိုးသမီးတဦးချင်း နောက်ဆုံးဖိုင်နယ်မှာတော့ ဆရီနာဝီလီယံ ဗိုလ်စွဲပြီး၊ ဂရန်းစလမ်းဆုဖလားကို ၂၃ ကြိမ်မြောက် ဗိုလ်စွဲသွားပါတယ်။ မဲလ်ဘုန်းမြို့က Rod Laver တင်းနစ်ကွင်းကြီးမှာ စနေနေ့က ဆရီနာဝီလီယံ နဲ့ ဗီးနပ်ဝီလီယံတို့ အကြိတ်အနယ် ကစားခဲ့ကြတာမှာ ဆရီနာက ၆-၄၊ ၆-၄ နဲ့ ၂ ပွဲ ပြတ် အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့တာပါ။ ဒီပွဲကိုနိုင်လိုက်တဲ့အတွက် ဆရီနာဟာ သြစတြေးလျအိုးပင်းကို ၇ ကြိမ်မြောက် ဗိုလ်စွဲတာဖြစ်သလို၊ ဂရန်းစလမ်းပြိုင်ပွဲမှာလည်း ၂၃ ကြိမ် ဗိုလ်စွဲပြီး၊ Open Era လို့ခေါ်တဲ့ ကြေးစားကစားသမားတွေပဲ ကစားတဲ့ခေတ်မှာ အများဆုံးစံချိန် တင်နိုင်လိုက်တာ ဖြစ်ပါတယ်။ အရင်ကတော့ ဂျာမနီက စတက်ဖီဂရပ်ဖ်က ၂၂ ကြိမ် နဲ့ Open Era မှာ အများဆုံးစံချိန်တင်ထားတာပါ။ အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဆရီနာဟာ ဒီပွဲနိုင်လိုက်တဲ့အတွက် ကမ္ဘာ့အဆင့် ၁ နေရာကိုလည်း ပြန်ရောက်သွားပြီဖြစ်ပါတယ်။

ဆရီနာက - သူအခုလို ဂရန်းစလမ်းဖလားတွေ စံချိန်တင်လောက်အောင် အနိုင်ရတာဟာ သူ့ရဲ့ အစ်မဖြစ်တဲ့ ဗီးနပ်စ်ဝီလီယံကြောင့် ဖြစ်ကြောင်း၊ ဗီးနပ်စ်ကို အားကျပြီး တင်းနစ်ကစားရာကနေ ဂရန်းစလမ်းဖလားတွေအနိုင်ရပြီး ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ခဲ့တာလို့ ပွဲအပြီးဆုယူစဉ်မှာ သူရဲ့ အစ်မကို ဂုဏ်ပြုချီးကျူးသွားပါတယ်။

အမျိုးသမီး ဂရန်းစလမ်းပြိုင်ပွဲသက်တမ်းတလျှောက်မှာ Margaret Court က ၂၄ ကြိမ် နဲ့ အများဆုံးစံချိန်တင်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ Open Era မှာတော့ဆရီနာက ၂၃ ကြိမ် နဲ့ အများဆုံးစံချိန်တင်နိုင်ခဲ့တာပါ။မနက်ဖြန် တနင်္ဂနွေနေ့မှာတော့ အမျိုးသားတဦးချင်း ဖိုင်နယ်ကို ဆွစ်ဇာလန်က ရော်ဂျာဖယ်ဒရာ နဲ့ ရာဖဲလ်နဒါးလ်တို့ ဗိုလ်လုကြမှာဖြစ်ပါတယ်။

ဆရီနာဝီလျံ တင်းနစ် ဂရမ်းစလမ်း စံချိန်သစ်တင်
please wait

No media source currently available

0:00 0:00:46 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG