သုံးရလွယ်ကူစေသည့် Link များ

လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ဖအေတူ မအေကွဲ အကို Kim Jong Nam ရဲ့ သားလို့ ဆိုသူက သူနဲ့ သူ့မိသားစုဝင်တွေဟာ အမည်မဖော်လိုတဲ့ နေရာတခုမှာ ဘေးကင်းလုံခြုံစွာ ရှိနေကြတယ်ဆိုပြီး အွန်းလိုင်းပေါ်ကနေ ဗွီဒီယို ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

သူဟာ သူ့အမေ၊ ညီမဖြစ်သူတို့နဲ့အတူ ရှိနေတဲ့အကြောင်း၊ အခြေအနေတွေ ဒီထက် ပိုကောင်းလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း Youtube ကတဆင့် ဗွီဒီယို မှတ်တမ်း ထုတ်ပြန်လိုက်တာပါ။

ဗွီဒီယိုထဲကလူဟာ မကာအိုကျွန်းမှာနေတဲ့ Kim Jong Nam ရဲ့ ဒုတိယဇနီးနဲ့ ရတဲ့သား Kim Han Sol ဖြစ်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။

အဆင့်မြင့် မြောက်ကိုရီးယားအရာရှိတွေ ပြည်ပကို ထွက်ပြေးလာရေး ကူညီဆောင်ရွက်ပေးနေတဲ့ Cheollima Civil Defense ဆိုတဲ့အဖွဲ့က အဲဒီ ဗွီဒီယိုကို Youtube ပေါ်မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

Kim Jong Nam ရဲ့ ကျန်ရစ်သူ မိသားစုဝင် ၃ ဦးကို ကူညီပေးကြတဲ့အတွက် နယ်သာလန်၊ တရုတ်၊ အမေရိကန်ပြည်ထောင်စုနဲ့ တခြား အမည်ဖော်ပြထားခြင်းမရှိတဲ့ နိုင်ငံတနိုင်ငံ အပါအ၀င် စုစုပေါင်း ၄ နိုင်ငံတို့ကို ကျေးဇူးတင်ကြောင်း အဲဒီ ဗွီဒီယိုနဲ့အတူ ထုတ်ပြန်တဲ့ ပူးတွဲ ကြောညာချက်မှာ အဲဒီအဖွဲ့က ဖော်ပြထားပါတယ်။

XS
SM
MD
LG