သုံးရလွယ်ကူစေသည့် Link များ

ယဉ်ကျေးမှု အမွေအနှစ်နေရာတွေ ဖျက်ဆီးရင် စစ်ရာဇဝတ်မှုနဲ့ တရားစွဲမယ်လို့ ကုလ ဆုံးဖြတ်


ဆီးရီးယားနိုင်ငံရဲ့ ရှေးဟောင်းမြို့ဖြစ်တဲ့ Palmyra မြိုက သမိုင်းဝင်အဆောက်အအုံတွေ။

ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့နေရာတွေကို ဖျက်ဆီးတာတွေအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက်တခုကို တညီတညွတ်တည်း ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အယ်လ်ကိုင်းဒါး ၊ IS နဲ့ တခြားအကြမ်းဖက်အဖွဲ့တွေက အဲ့ဒီယဉ်ကျေးမှုအမွေအနှစ်နေရာတွေကို တိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီး စစ်ရာဇ၀တ်မှုအဖြစ် တရားစွဲဆိုသွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီက ဆီးရီးယားနိုင်ငံရဲ့ ရှေးဟောင်းမြို့ဖြစ်တဲ့ Palmyra မြို့က သမိုင်းဝင်အဆောက်အအုံတွေ အပေါ် အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့တာကို ထောက်ပြခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်က စပြီး IS စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် Palmyra မြို့က တန်ဖိုးကြီးမားတဲ့ အနုပညာလက်ရာတွေနဲ့ ဗိသုကာ အမွေအနှစ်တွေ ပျက်းစီးဆုံးရှုံးသွားခဲ့ကြပါတယ်။

အခုအသစ်ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်က - ဘာသာရေး၊ ပညာရေး ၊ အနုပညာ၊ သိပ် နဲ့ တခြား ပရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဂုဏ်ပြုစိုက်ထူထားတဲ့ သမိုင်းဝင်အထိမ်းအမှတ် အဆောက်အအုံတွေ၊ နေရာတွေကို တိုက်ခိုက်ဖျက်ဆီးတဲ့သူတွေ အပါအ၀င်၊ တရားမ၀င် တူးဖော်တာတွေ၊ လုယူတာတွေ၊ နဲ့ ကုန်ကူးတာတွေလုပ်ဆောင်တဲ့သူတွေ ကို ပြစ်တင်ရှုတ်ချပြီး ၊ အရေးယူဖို့ တိုက်တွန်းထားပါတယ်။

အခုဆုံးဖြတ်ချက်က ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းတွေကို ခိုးယူပြီး တရားမ၀င်ကုန်ကူးတာတွေအပေါ် ပြစ်တင်ရှုတ်ချထားတဲ့ အရင်က ဆုံးဖြတ်ချက်အပေါ်မှာ ပိုပြီးခိုင်မာအားကောင်းစေမှာဖြစ်ပါတယ်။

XS
SM
MD
LG