သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို တိုက်ခိုက်မှု ကန် ရုရှား ဆက်ဆံရေး ပျက်စီးနိုင်


အမေရိကန်သမ္မတ နဲ့ ရုရှားသမ္မတ ။
အမေရိကန်သမ္မတ နဲ့ ရုရှားသမ္မတ ။

ရုရှားရဲ့ ခိုင်မာတဲ့မဟာမိတ်ဖြစ်တဲ့ ဆီးရီးယား က အဆိပ်ဓါတ်ငွေ့နဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား တရာလောက် သေဆုံးရတယ်လို့ အပြစ်တင်ပြီး ဓါတုလက်နက်နဲ့ တိုက်ခိုက်တဲ့ ဆီးရီးယားကို အမေရိကန်က ပဲ့ထိမ်းတပ် ဒုံးကျည်နဲ့ ပစ်ခတ်လက်တုန့်ပြန်ခဲ့တာဟာ အမေရိကန်နဲ့ ရုရှား ၂ နိုင်ငံဆက်ဆံရေးအတွက် ခြိမ်းခြောက်မှုဖြစ်လာနေပါတယ်။

ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ ဆက်ဆံရေးကို အကြီးအကျယ် ပျက်စီးစေတာမျိုး ဖြစ်လာနိုင်တယ်လို့ သောကြာနေ့ အစောပိုင်းမှာ ရုရှားသမ္မတ Vladimir Putin က ပြောကြားခဲ့သလို ဒီလို လုပ်ဆောင်တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်တာလို့ ဖြစ်ကြောင်းလည်း ရုရှားအစိုးရ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တဲ့ အနေနဲ့ ဆီးရီးယားဝေဟင်မှာ ရုရှားနဲ့ အမေရိကန် စစ်လေယာဉ်တွေကြား မတော်တဆ ဖြစ်မယ့် ပြဿနာတွေကို ရှောင်ရှားဖို့ သဘောတူညီထားတာကို ရုရှားက ဆိုင်းငံ့ထားလိုက်တယ်လို့လည်း ရုရှားက ပြောပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley ကတော့ သောကြာနေ့ ကုလသမဂ္ဂ အရေးပေါ်အစည်းအဝေးမှာ ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး ဆီးရီးယား သမ္မတ Bashar al-Assad က ရုရှားကို အရူးလုပ်နေတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ သူက ဓါတုလက်နက် တွေကို ရုရှားမသိအောင် ဖွက်ထားတာမို့ ရုရှားက သူ့ကို စစ်ရေးအကူညီတွေ ပေးနေတာ ဖြစ်နိုင်တယ်လို့ ပြောခဲ့တာပါ။

အမေရိကန်စစ်တပ်ကရုရှားနိုင်ငံထဲကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီး ဒါဟာ ဆီးရီးယား အစိုးရတပ်တွေကို အမေရိကန်ရဲ့ ပထမဆုံး တိုက်ခိုက်မှု တခု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG