သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် လူမျိုးရေးပဋိပက္ခ Early Warning Project စိုးရိမ်


ရိုဟင်ဂျာကလေးငယ်များ။
ရိုဟင်ဂျာကလေးငယ်များ။

ကမ္ဘာတဝှမ်းမှာ အစိုးရတပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် လူမျိုးတုန်းသတ်ဖြတ်မှုတွေ နောက်တဖန်ဖြစ်နိုင်တဲ့ စိုးရိမ်ဖွယ်အခြေအနေ မြင့်မားနေတယ်လို့ Early Warning Project ဆိုတဲ့ NGO အဖွဲ့ကပြောလိုက်ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှုတွေဖြစ်ပွားနိုင်ခြေ အမြင့်မားဆုံးနိုင်ငံစာရင်းမှာ မြန်မာနိုင်ငံကို တတိယနေရာမှာ ထည့်သွင်းထားပါတယ်။ ကုလသမဂ္ဂအစီရင်ခံစာအပါအဝင် အများပြည်သူအတွက်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး Early Warning Project အဖွဲ့က သုံးသပ်တာဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံးက မကြာမှီကထုတ်ပြန်ထားတဲ့ အစီရင်ခံစာပါ အချက်တွေအရ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှု တိုးလာတာနေတာကြောင့် လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေရောက်နိုင်ခြေမြင့်မားနေတယ်လို့Early Warning Projectနှစ်ပါတ်လည်အစီရင်ခံစာမှာဖော်ပြထားပါတယ်။

လူမျိုးတုန်းသတ်ဖြတ်တဲ့ အခြေအနေ အရောက်ဆုံးနိုင်ငံအဖြစ် ဆူဒန်နိုင်ငံကို ဖော်ပြထားပါတယ်။ အစိုးရတပ်တွေက ပြည်သူအမြောက်အများကို သတ်ဖြတ်မှုဟာ ကမ္ဘာတဝန်းမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကျဆင်းခဲ့ရာက အခုပြန်လည်မြင့် တက်လာတယ်လို့ Early Warning Project အဖွဲ့ကပြောပါတယ်။

ဒုတိယကမ္ဘာစစ်တုန်းက ဂျူးလူမျိုးတွေ အဆိပ်ဓါတ်ငွေ့သုံးသတ်ဖြတ်ခံခဲ့မှုအပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေကို အမှတ်ရစေပြီး နောင်ဒါမျိုးမဖြစ်အောင် ရှောင်ရှားနိုင်ဖို့အတွက် အမေရိကန်က Holocaust Memorial ပြတိုက်နဲ့ Dartmouth ကောလိပ်တို့ရဲ့ပံ့ပိုးမှုနဲ့ Early Warning Project ကိုလုပ်နေတာ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ မြန်မာနိုင်ငံမှာ လူမျိုးပြုန်းအောင်သတ်ဖြတ်မှုမျိုး မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

မြန်မာပြည် လူမျိုးရေးပဋိပက္ခ Early Warning Project စိုးရိမ်
please wait

No media source currently available

0:00 0:00:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG