သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသတိပေးချက်


ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (ဧပြီ ၁၄-၂၀၁၇) သတင်းဓာတ်ပုံ- MOI
ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (ဧပြီ ၁၄-၂၀၁၇) သတင်းဓာတ်ပုံ- MOI

ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းဖြစ်ပေါ်ပြီး တနင်္ဂနွေနေ့လောက်မှာ မြန်မာနိုင်ငံကိုဝင်ရောက်နိုင်တယ်လို့ မိုးလေဝသခန့်မှန်းချက်တွေက ပြောထားပါတယ်။ Invest 92B လို့နာမည်ပေးထားတဲ့ လေဖိအားနည်းရပ်ဝန်းကနေ စနေ တနင်္ဂနွေရုံးပိတ်ရက်တွေမှာ အင်အား အလယ်အလတ်ရှိတဲ့ အပူပိုင်းဆိုင်ကလုန်းမုန်းတိုင်းအဖြစ်အသွင်ပြောင်းသွားနိုင်ပြီး တနင်္ဂနွေနေ့မှာ အင်အားပြင်းလာနိုင်ခြေရှိတယ်လို့ အမေရိကန်အခြေစိုက် Joint Typhoon Warning Center မုန်တိုင်းသတိပေးစင်တာက ပြောထားပါတယ်။

တနင်္ဂနွေနေ့ နေ့လည်ပိုင်း ဒါမှမဟုတ် ညပိုင်းလောက်မှာ မြန်မာနိုင်ငံအရှေ့မြောက်ဖက်ကို ဦးတည်ဝင်ရောက်နိုင်ပါတယ်။ ကုန်းတွင်းပိုင်းဖက်ရောက်သွားချိန်မှာ မုန်တိုင်းအင်အားလျော့သွားနိုင်ပေမဲ့ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှု မြေပြိုမှုတွေဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

မုန်တိုင်းသတိပေးချက်
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG