သုံးရလွယ်ကူစေသည့် Link များ

ခရီးသွားလာရေး ဘေးကင်းလုံခြုံဖို့ ဘယ်လိုဝိုင်းဝန်းဆောင်ရွက်ကြမလဲ


စက်လှေနှစ်မြုပ်တာကို ဆယ်ယူနေစဉ်။
စက်လှေနှစ်မြုပ်တာကို ဆယ်ယူနေစဉ်။

မြန်မာနိုင်ငံတွင်း ခရီးသွားလာမှုတွေမှာ မတော်တဆမှုတွေကြောင့် ထိခိုက်သေဆုံးရတာတွေ မကြာမကြာ တွေ့နေ မြင်နေရပါတယ်။ မကြာသေးခင်ကဆိုရင်လည်း ဧရာဝတီတိုင်း ငဝန်မြစ်အတွင်း စက်လှေတိုက်မှုကြောင့် လူ ၃၀ လောက် သေဆုံးရပါတယ်။ အခု သင်္ကြန်တွင်းကာလမှာဆိုလည်း နှစ်စဉ်လိုလို ယာဉ် မတော်တဆမှုတွေဖြစ်ပြီး လူ ထိခိုက် သေကြေမှုတွေ ဖြစ်နေရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အများပြည်သူတွေ ခရီးသွားလာကြတဲ့ ကုန်းကြောင်း ရေကြောင်း လေကြောင်းဆိုင်ရာ ဘေးကင်းလုံခြုံမှုတွေမှာ ဘာတွေလိုအပ်ချက်ရှိနေသလဲ.. ခရီးသွားတွေ ဘေးကင်းဖို့အတွက် အာဏာပိုင်တွေဖက်က ဘာတွေ ပြင်ဆင်ထားသင့်သလဲစတဲ့ ခရီးသွားဘေးကင်းလုံခြုံမှုဆိုင်ရာအခြေအနေတွေကို မအေးသန္တာကျော်နဲ့အတူ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဒုဥက္ကဋ္ဌဦးဖြိုးဝေရာဇာ၊ စားသုံးသူကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဘအုပ်ခိုင်၊ မင်းပြားဒေသခံဦးမောင်ကျော်ဇံနဲ့ သတင်းထောက်မအိမ့်ခိုင်ဦး ဗွီအိုအေသောတရှင် ဒိုက်ဦးက ဦးတင့်လွင်တို့နဲ့အတူ စနေနေ့ တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားတာကို အသံဖိုင်မှာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG