သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းထိန်ပြောကြားချက် တပ်မတော်တုန့့်ပြန်


ဦးဝင်းထိန် သတင်းမီဒီယာနဲ့တွေ့ဆုံစဉ်။ ( အောက်တိုဘာ ၁၃-၂၀၁၅)
ဦးဝင်းထိန် သတင်းမီဒီယာနဲ့တွေ့ဆုံစဉ်။ ( အောက်တိုဘာ ၁၃-၂၀၁၅)

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ပါတ်သက်တဲ့ သတင်းမှားတွေ Online ပေါ်မှာ ဖြန့်နေသူတွေထဲမှာ တပ်မတော်အဖွဲ့အစည်းတွေ ပါဝင်နေသလားဆိုပြီး NLD အကြီးအကဲတယောက်က သံသယနဲ့ပြောကြားခဲ့တာကို တပ်မတော်ဘက်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ သမ္မတဦးထင်ကျော် ရာထူးကနေ နှုတ်ထွက်တယ် ဆိုတဲ့သတင်း၊ NLD ပါတီဗဟိုအလုပ်အမှုဆောင်စည်းဝေးပွဲကို သူရဦးရွှေမန်း တက်ရောက်တယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မေလ ၄ ရက်နေ့တုန်းက သတင်းထောက်တွေကို နေပြည်တော်မှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

အဲဒီရှင်းလင်းပွဲမှာ ဦးဝင်းထိန်က သတင်းမှားတွေကို ဘယ်သူတွေဖြန့်နေသလဲဆိုတာ ပြောရခက်ကြောင်းနဲ့၊ ကြံ့ခိုင်ရေးကပဲ လုပ်သလား။ အချို့တပ်မတော်အဖွဲ့အစည်းတွေကပဲ လုပ်သလား။ NLD ကို မလိုလားတဲ့ အိုင်တီမှာကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သလား မှန်းဆရ ခက်တယ်လို့ ပြောကြားခဲ့တာပါ။

အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်နေတဲ့ကာလမှာ NLD ပါတီ ပြောခွင့်ရ တာဝန်ရှိသူ တယောက်က စည်းလုံးမှုကို ထိခိုက်စေတဲ့အပြောမျိုးနဲ့ တပ်မတော်အပေါ် အခြေအမြစ်မရှိ ပုတ်ခတ်ပြောတာကို ပြင်းထန်စွာ ကန့်ကွက်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါတင်မက လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမယ်လို့လည်း မေလ ၅ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ သံသယစိတ်နဲ့ တပ်မတော်အပေါ် ထည့်သွင်းပုတ်ခတ်စွပ်စွဲပြောဆိုတာဟာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေတယ်လို့လည်း ဆိုထားပါတယ်။

အဲဒီလိုပြောခဲ့တဲ့အတွက် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုးဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း” ဆိုတဲ့သတင်းမီဒီယာသမားတွေ လိုက်နာရတဲ့ ဥပဒေပြဋ္ဌာန်းချက်ကိုတောင် ချိုးဖောက်အောင် အားပေးအားမြှောက်ပြု ရာရောက်တယ်လို့လည်း တပ်မတော်က တုံ့ပြန်ထားပါတယ်။

အလားတူစွာပဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အသေရေပျက်စေနိုင်တဲ့ စာသားတွေ ဖေ့ဘုတ် လူ့မှု့ကွန်ရက်ပေါ်မှာ ရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ NLD သုတေသနအဖွဲ့အတွင်းရေးမှူ း ဦးမျိုးရန်နောင်သိမ်း ကို ရန်ကန်ဒုတပ်နယ်မှုးက တရားစွဲဆိုပြီး ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG