သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တော်ပြန် ပညာရေးဝန်ဆောင်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်အကဲစမ်းမှု

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပြီးတဲ့နောက် ပြည်ပမှာ သွားရောက်ပညာသင်ကြားခဲ့သူအချို့ဟာ အခုအခါမှာ မြန်မာနိုင်ငံကို ပြန်ပြီး ပညာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ကိုင်နေကြပါတယ်။ အဲဒီလို လုပ်ကိုင်ရာမှာ သူတို့တွေအနေနဲ့ ဘယ်လို အခက်အခဲမျိုးတွေ ရင်ဆိုင်နေရပါလဲ။ ဒီအခက်အခဲတွေကို ဘယ်လို ကျော်လွှားနိုင်မှာပါလဲဆိုတာကိုဗွီအိုအေရဲ့ စနေညတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆရာ၊ ဆရာမတွေရဲ့သင်ကြားပြသမှုပိုင်းမှာ အရည်အသွေးမြင့်မားလာအောင် သင်တန်းပေးနေသူ Smile Education Training Instituteက မမေပုလဲသွယ်၊New York က Bard ပုဂ္ဂလိက တက္ကသိုလ်နဲ့ Yale တက္ကသိုလ်တို့မှာ ပညာဆည်းပူးပြီး PHD ဘွဲ့ရသူ ပါရမီတက္ကသိုလ် ထူထောင်ဖို့ကြိုးပမ်းနေတဲ့ ဒေါက်တာကျော်မိုးထွန်း၊ ထိုင်းနိုင်ငံ Ramkhamheang University မှာ ပညာရေးဆိုင်ရာစီမံခန့်ခွဲမှု မဟာဘွဲ့ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်- NNER အတွင်းရေးမှုးတဦးဖြစ်တဲ့ မသူသူမာ၊ Britain Oxford Brooke's university စာရင်းကိုင်ဘာသာရပ်သင်ယူပြီးမြန်မာပြည်မှာ Educomm Accountancy Service သင်တန်းဖွင့်လှစ်နေတဲ့ မအိအိထွန်း၊ ထိုင်းမြန်မာနယ်စပ်က ပညာရေး လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်ပါဝင်ပြီး မုဒ်ဦးပညာရေးအဖွဲ့အတွက် သင်ရိုးညွှန်းတမ်း စာအုပ်ရေးသားနေတဲ့ ကိုအောင်ခိုင်တို့နဲ့အတူ ဗွီအိုအေမြန်မာပိုင်းက ကိုအောင်အောင်တို့ ဆွေးနွေးတင်ဆက်ထားတာကို အသံဖိုင်မှာ အပြည့်အစုံ နားဆင်ပါ။

ပြည်တော်ပြန် ပညာရေးဝန်ဆောင်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်အကဲစမ်းမှု
please wait

No media source currently available

0:00 0:25:12 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG