သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားနယ်မြေမှာ ရေနံမတူးဖို့ ဖိလစ်ပိုင်ကို တရုတ်ခြိမ်းခြောက်


 ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့ တရုတ်သမ္မတ Xi Jinping ဘေဂျင်းမြို့တော်မှာ မေလ ၁၅ ရက်နေ့က တေ့ွဆုံစဉ်။
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့ တရုတ်သမ္မတ Xi Jinping ဘေဂျင်းမြို့တော်မှာ မေလ ၁၅ ရက်နေ့က တေ့ွဆုံစဉ်။

ရေပြင်နယ်နိမိတ်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင်က ရေနံ စတင်တူးဖော်မယ်ဆိုရင် စစ်ရေးနဲ့တုံ့ပြန်မယ်လို့ တရုတ်သမ္မတ Xi Jinping က သူ့ကိုခြိမ်းခြောက်ခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကပြောကြား လိုက်ပါတယ်။ ဘေဂျင်းမြို့တော်မှာ မေလ ၁၅ ရက်နေ့က တေ့ွဆုံစဉ်မှာ သမ္မတ Xi ကသူ့ကို ပြတ်ပြတ်သားသားပေမဲ့ ရင်းရင်းနှီးနှီးသတိပေးခဲ့တယ်လို့ သမ္မတ Duterte ကသောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ နိုင်ငံတကာ အငြင်းပွားမှုဆိုင်ရာ ခုံသမာဓိအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို စွဲကိုင်ပြီး အငြင်းပွားနေတဲ့ ရေပိုင်နက်မှာ ရေနံတူးဖော်ရေးစတင်ဖို့ ရည်ရွယ်ထားကြောင်း တရုတ်သမ္မတကို ပြောခဲ့တယ်လို့ ဖိလစ်ပိုင်သမ္မတကပြောပါတယ်။

ဖိလစ်ပိုင်ကသူတို့ရဲ့ ပိုင်နက်လို့ ပြောနေတဲ့နေရာကို တရုတ်ကလည်း သူတို့ရဲ့ရေပြင်နယ် နိမိတ်ဖြစ်တယ်လို့ ပြောနေတာပါ။ ရေပိုင်နက် အငြင်းပွားနေတဲ့ကိစ္စကို အလေးအနက် မလုပ်ဘူးလို့ ပြည်တွင်းမှာ ဝေဖန်နေကြသူ နှုတ်ပိတ်သွားကြအောင်ရည်ရွယ်ချက်နဲ့ သမ္မတ Duterte ကတရုတ်သမ္မတနဲ့ဆွေးနွေးခဲ့တဲ့ကိစ္စကို သောကြာနေ့က ပြောခဲ့ပုံရပါတယ်။

ဖိလစ်ပိုင် ပိုင်ဆိုင်တဲ့နေရာမှာ ရေနံတူးမယ်လို့ ပြောတဲ့အခါ တရုတ်သမ္မတက ဖိလစ်ပိုင်နဲ့ အငြင်းအခုန်မဖြစ်ချင်ပါဘူး။ လက်ရှိနွေးထွေးတဲ့ဆက်ဆံရေးအတိုင်းဆက်သွားချင်ပါတယ်။ ဒါပေမဲ့ အတင်းအကြပ်လုပ်မယ်ဆိုရင်တော့ စစ်ဆင်ရလိမ့်မယ်လို့ တုံ့ပြန်ခဲ့ကြောင်း မစ္စတာ Duterte ကပြန်လည်ပြောပြခဲ့ပါတယ်။

အခုလိုခေါင်းဆောင် ၂ ယောက်ကြား ပွင့်ပွင်းလင်းလင်းပြောခဲ့တဲ့စကားတွေကို မစ္စတာ Duterte ကပြန်ပြောခဲ့တဲ့အပေါ် တရုတ်ဘက်က အင်မတန်ဒေါသထွက်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောနေကြပါတယ်။

အငြင်းပွားနယ်မြေမှာ ရေနံမတူးဖို့ ဖိလစ်ပိုင်ကို တရုတ်ခြိမ်းခြောက်
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG