သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်တိုက်ခိုက်ခံရမှု နောက်ပိုင်းအခြေအနေ သတင်းဓါတ်ပုံများ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ ပြီးခဲ့တဲ့ စနေနေ့က လူ ၇ ဦး သေဆုံးပြီး ၅၀နီးပါး ဒဏ်ရာရရှိခဲ့ရတဲ့ အထိ တိုက်ခိုက်ခဲ့သူ ၃ ဦးဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို ရဲက သိရှိထားပြီလို့ ဝန်ကြီးချုပ် Theresa May က ဒီကနေ့ ပြောပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ အတွင်း သင့်တော်တဲ့ အချိန်မှာ တိုက်ခိုက်သူတွေရဲ့ နာမည်တွေကို ထုတ်ပြောမှာဖြစ်ပြီး တိုက်ခိုက်မှုနဲ့ ဆက်နွှယ်ပြီး လူ ၁၁ ဦးကို ရဲက ဖမ်းထားတယ်လို့ ဝန်ကြီးချုပ် May က ပြောပါတယ်။
တချိန်တည်းမှာဘဲ တိုက်ခိုက်ခံခဲ့ရသူတွေ ဘယ်သူတွေ ဖြစ်သလဲ ဆိုတာသိရဖို့ ရဲက ဆောင်ရွက်နေပြီး အခုအချိန်ထိတော့ နိုင်ငံပေါင်းစုံက လူတွေ ပါဝင်တယ်ဆိုတာဘဲ သိထားရသေးတယ်လို့ ဗြိတိန် ခေါင်းဆောင်က ပြောပါတယ်။ ဒီတိုက်ခိုက်မှုက လန်ဒန်နဲ့ ဗြိတိန်နိုင်ငံကို တိုက်ခိုက်မှုဖြစ်သလို လွတ်လပ်တဲ့ ကမ္ဘာကြီးကို တိုက်ခိုက်တာလည်း ဖြစ်တယ်လို့ ထပ်လောင်း ပြောပါတယ်။

XS
SM
MD
LG