သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆၆ (ဃ) ပြင်ဆင်ဖို့ အဆိုပြုချက် CPJ ကြိုဆို


CPJ နဲ့ Pen Myanmar အဖွဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ။
CPJ နဲ့ Pen Myanmar အဖွဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ။

အများအားဖြင့် သတင်းမီဒီယာသမားတွေကို အရေးယူတာမှာ အသုံးပြုနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ဖို့ အဆိုပြုတာတွေကို မကြာမီ စတင်တော့မယ် လို့ ပြန်ကြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူတဦးက ပြောလိုက်တဲ့အတွက် အားတက်မိတဲ့အကြောင်း သတင်းထောက်များ အကာအကွယ်ပေးရေးကော်မတီ CPJ ရဲ့ ဥက္ကဋ္ဌ ကက်သလင်း ကာရိုက ပြောပါတယ်။

"ပုဒ်မ ၆၆ (ဃ) ကိုပြုပြင်ပြောင်းလဲရေး သူတို့ရဲ့ထောက်ခံမှုကို ကြားရတဲ့အတွက် သိပ်ကို အားတက်မိပါတယ်။ အထူးသဖြင့် ပုဒ်မ ၆၆ (ဃ) ထဲက အပြင်းထန်ဆုံးအပိုင်းကို ဖြုတ်ပစ်ဖို့အတွက် သူ့အဆိုအရ အခု ဆက်လုပ်နေပြီဖြစ်တဲ့ မူကြမ်းကို ထောက်ခံမယ် ဆိုတဲ့ အမြဲတမ်းအတွင်းဝန်ရဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန်အပေါ်မှာ အားတက်မိပါတယ်။" လို့ ရန်ကုန်မြို့၊ Novotel ဟော်တယ်မှာ ဒီကနေ့ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကက်သလင်း ကာရိုက ပြောသွားတာပါ။

မစ္စစ်ကာရိုဦးဆောင်တဲ့ CPJ ကိုယ်စားလှယ်အဖွဲ့ဟာ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နဲ့ ကြာသပတေးနေ့က တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် Pen Myanmar အဖွဲ့နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတခု ဒီကနေ့လုပ်ပြီး အခုလိုပြော တာပါ။

ပုဒ်မ ၆၆ (ဃ) ဟာ သတင်းသမားတွေကို အရေးယူတာမှာ အသုံးပြုနေတဲ့ အဆိုးရွားဆုံး ဥပဒေပုဒ်မတခုဖြစ်ပြီး ဒါကို ပြင်ဆင် သင့်တယ်ဆိုတာ ပြောခဲ့တယ်လို့လဲ CPJ ဥက္ကဋ္ဌ ကက်သလင်း ကာရိုကပြောပါတယ်။

ဒါ့အပြင် The Voice နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ စာရေးဆရာ ဗြိတိသ ျှကိုကိုမောင်တို့အပေါ် တပ်မတော်က ပုဒ်မ ၆၆ (ဃ) နဲ့တရားစွဲဆိုထား တာကို ပြန်လည်ရုပ်သိမ်းပေးဖို့နဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့လဲ CPJ က တိုက်တွန်း တောင်းဆိုထားပါတယ်။

XS
SM
MD
LG