သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဧကရာဇ်နန်းစွန့် အိမ်ရှေ့မင်းသားထီးနန်းဆက်ခံမည့် ဥပဒေ လွှတ်တော်အတည်ပြု


အိမ်ရှေ့စံမင်းသား Naruhito နဲ့ဂျပန်ဧကရာဇ် Akihito။
အိမ်ရှေ့စံမင်းသား Naruhito နဲ့ဂျပန်ဧကရာဇ် Akihito။

ဂျပန်ဧကရာဇ် Akihito နန်းစွန့်ပြီး၊ အသက် ၅၇ နှစ်အရွယ် အိမ်ရှေ့စံမင်းသား Naruhito ထီးနန်းဆက်ခံနိုင်မယ့် ဥပဒေတရပ်ကို လွှတ်တော်က ဒီကနေ့ပဲ အတည်ပြုလိုက်ပါတယ်။ သက်တော် ၈၃ နှစ် ရှိနေပြီး၊ နှလုံးခွဲစိတ်ကုသမှုနဲ့ ဆီးကြိတ်ဝေဒနာအတွက် ဆေးကုသမှု ခံယူနေရတဲ့ ဧကရာဇ်ဘုရင် Akihito က နှစ်ပေါင်း ၃၀ နီးပါးကြာ ထီးနန်းအရိုက်အရာကို စွန့်လွှတ်လိုကြောင်း ပြီးခဲ့တဲ့နှစ်ထဲ သဘောထား ပြသခဲ့ရာမှာတော့ နှစ်ပေါင်း ၂ ထောင် ရှိနေပြီဖြစ်တဲ့ ဘုရင်စနစ်နဲ့ အရိုက်အရာ ဆက်ခံလေ့ရှိတတ်တဲ့ အစဉ်အလာနဲ့ ပတ်သက်လို့ အခြေအတင် ဆွေးနွေးမှုတွေလည်း ဂျပန်နိုင်ငံမှာ တကျော့ပြန်ထွက်ပေါ်လာခဲ့တာပါ။

ဧကရာဇ်ဘုရင် Akihito နန်းစွန့်မယ့် အစီအစဉ်ဟာ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးလည်း ဖြစ်ပါလိမ့်မယ်။ ခမည်းတော် ဘုရင် Hirohito ကွယ်လွန်ပြီးနောက်၊ ၁၉၈၉ ခုနှစ် ဇန်နဝါရီလမှာ ထီးနန်းအရိုက်အရာ ဆက်ခံချိန်မှာ ဘုရင် Akihito ဟာ သက်တော် ၅၆ နှစ် ရှိနေပါပြီ။ ဧကရာဇ်ဘုရင် Akihito ဟာ သက်တော် ၈၅ နှစ်ပြည့်မယ့် ၂၀၁၈ ခုနှစ်မှာ နန်းစွန့်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ စဉ်းစားနေကြောင်းလည်း သတင်းတွေက ဖော်ပြနေကြပါတယ်။

ဘုရင်နန်းစွန့်နိုင်မယ့် ဥပဒေတရပ်ကို အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အတည်ပြုခဲ့ပြီး၊ ဒီကနေ့ အထက်လွှတ်တော်မှာ တခဲနက် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့တာ ကိုလည်း ဂျပန်ရုပ်မြင်သံကြား NHK က တိုက်ရိုက်ထုတ်လွှင့် ပြသခဲ့တာပါ။

ဘုရင်အနေနဲ့ ဥပဒေကို အတည်ပြုပြီး ၃ နှစ်အတွင်းမှာ နန်းစွန့်ရမှာဖြစ်ပြီး၊ ဥပဒေဟာလည်း ဘုရင် Akihito တဦးတည်းသာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ထီးနန်းစွန့်လွှတ်ခဲ့တဲ့ နောက်ဆုံး ဧကရာဇ်ဘုရင်ကတော့ Kokaku ဖြစ်ပြီး၊ ၁၈၁၇ ခုနှစ်မှာ နန်းစွန့်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG