သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီဝန်ကြီးချုပ်ဟောင်း Helmut Khol ကွယ်လွန်


ဂျာမနီဝန်ကြီးချုပ်ဟောင်း Helmut Khol
ဂျာမနီဝန်ကြီးချုပ်ဟောင်း Helmut Khol

ဂျာမနီဝန်ကြီးချုပ်ဟောင်း Helmut Kohl ဟာ အနောက်ဂျာမနီပြည်နယ် Ludwigshafen မြို့က သူ့ရဲ့နေအိမ်မှာ သောကြာနေ့က ကွယ်လွန်သွားပါတယ်။ အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ဝန်ကြီးချုပ်ဟောင်း Kohl ဟာ အနောက်နဲ့ အရှေ့ဂျာမနီပေါင်းစည်းရေးနဲ့ ဘာလင်တံတိုင်းကြီး ဖြိုချရေးတို့အတွက် အားထုတ်ခဲ့တဲ့ အခန်းကဏ္ဍ အတွက်ကျော်ကြားသူ တယောက်ဖြစ်ပါတယ်။

ဒီမိုကရေစီနည်းကျရွေးချယ်ခံရတဲ့ ဂျာမနီဝန်ကြီးချုပ်တွေထဲမှာ ရာထူးသက်တမ်း အကြာရှည်ဆုံး တာဝန်ယူခဲ့ရသူလည်းဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ သူ့ရဲ့ ဝန်ကြီးချုပ် သက်တမ်း ၁၆ နှစ်အတွင်း စစ်အေးစစ် အဆုံးသပ်အောင် ကြိုးစားခဲ့ပြီး ၁၉၉၀ မှာ အရှေ့နဲ့ အနောက်ဂျာမနီပေါင်းစည်းရေးကို ဦးဆောင်ကြိုးပမ်းခဲ့သူ ဖြစ်ပါတယ်။ EU ဥရောပသမဂ္ဂဖြစ်ပေါ်လာရေးကို ဦးဆောင်ခဲ့သူတယောက်ဖြစ်သလို EU နိုင်ငံတွေမှာ ယူရိုငွေကြေး သုံးစွဲဖို့အတွက်ကိုလည်း အဓိကဆောင်ရွက်ခဲ့သူတယောက်ဖြစ်ပါတယ်။

ဥရောပသမဂ္ဂကို ပုံဖော်ခဲ့သူ Helmut Kohl ကွယ်လွန်တဲ့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ဥရောပသမဂ္ဂဆိုင်ရာ အဆောက်အဦးတွေမှာ အလံတွေကို သောကြာနေ့က တိုင်ဝက်လွှင့်ထူခဲ့ပါတယ်။

ထူးကဲကြီးမြတ်တဲ့ ဂျာမန်လူမျိုးတယောက်၊ ဥရောပတိုက်သားတယောက်ကို ဆုံးရှုံးလိုက်ရတာဖြစ်တယ်လို့ ဂျာမနီဝန်ကြီးချုပ် Angela Merkel ကပြောကြားခဲ့ပါတယ်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ Jean-Claude Juncker ဥရောပပါလီမာန်ဥက္ကဋ္ဌ Antonio Tajani နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg တို့ကလည်း ဝမ်းနည်းဂုဏ်ပြုစကားတွေကို လူမှုကွန်ယက်ပေါ်ကတဆင့် ပြောကြားခဲ့ကြပါတယ်။

Helmut Kohl ဟာဒုတိယကမ္ဘာစစ်ပွဲနောက်ပိုင်း ဥရောပအတွက် အရေးအကြီးဆုံး နိုင်ငံခေါင်းဆောင်ဖြစ်တယ်လို့ အမေရိကန်သမ္မတဟောင်း Bill Clinton ကပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG