သုံးရလွယ်ကူစေသည့် Link များ

ထိုင်ဝမ်ကို လက်နက်ရောင်းမယ့် အမေရိကန်အစီအစဉ် တရုတ်ကန့်ကွက်


ထိုင်ဝမ်-အမေရိကန်-တရုတ် နိုင်ငံ့ခေါင်းဆောင်များ။
ထိုင်ဝမ်-အမေရိကန်-တရုတ် နိုင်ငံ့ခေါင်းဆောင်များ။

အမေရိကန်က တိုင်ဝမ်ကို ဒေါ်လာ ၁.၄ ဘီလီယံဖိုး လက်နက်ခဲယမ်းတွေ ရောင်းမယ့်ကိစ္စ အပေါ် မကျေနပ်တဲ့အကြောင်း တရုတ်ကပြောပါတယ်။ ဒီလုပ်ရပ်ဟာ မှားယွင်းတယ်လို့ ခေါ်ဆိုပြီး အရောင်းအဝယ်ကိစ္စ ပြန်ရုပ်သိမ်းဖို့ တရုတ်က လိုလားပါတယ်။

အမေရိကန်ဘက်ခြမ်းက ဒီ မှားယွင်းတဲ့လုပ်ရပ်ဟာ သမ္မတနှစ်ဦးကြား Mar-a-Lago မှာရခဲ့တဲ့ တူညီတဲ့သဘောထား၊ အမေရိကန်-တရုတ် ဆက်ဆံရေးမှာ အပေါင်း လက္ခဏာဆောင် တိုးတက်မှုအရှိန်အဟုန်တို့နဲ့ ဆန့်ကျင်နေတယ်လို့ ဝါရှင်တန်ဒီစီ မြို့တော်မှာရှိတဲ့ တရုတ်သံရုံးကပြောပါတယ်။

လက်နက်ခဲယမ်းအရောင်းအဝယ်ကိစ္စကို ထရမ့်ပ်အစိုးရက ကြာသပတေးနေ့မှာ ကွန်ဂရက်လွှတ်တော်ကို အသိပေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Heather Nauert ကပြောပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့နေတဲ့ တိုင်ဝမ်ကျွန်းကို သူ့ရဲ့ပိုင်နက်အဖြစ် တရုတ်က သတ်မှတ်ထားတာပါ။ တိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပြီး တိုင်ဝမ်ကို လက်နက်ခဲယမ်း ရောင်းတဲ့ ဒီကိစ္စကို အပြင်းအထန် ကန့်ကွက်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Lu Kang က ဘေဂျင်းမြို့တော်မှာပြော ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအန္တရာယ်ကို တားဆီးကာကွယ်ဖို့ အမေရိကန်နဲ့ တရုတ်တို့ ကြိုးပမ်းနေကြတဲ့ အကဲ ဆတ်တဲ့ ဆက်ဆံရေးကာလတခုကို ရောက်နေချိန်မှာပဲ ဒီ လက်နက်ခဲယမ်း ရောင်းတဲ့ကိစ္စဖြစ်လာတာပါ။ ဒီလက်နက်အရောင်းကိစ္စဟာ တိုင်ဝမ်ကျွန်းနဲ့ အမေရိကန်ကြား ဆက်ဆံရေးဆိုင်ရာအတွက် ပြဌာန်းထားတဲ့ တိုင်ဝမ်ဆက်ဆံရေး ဥပဒေကို မချိုးဖောက်ဘူးလို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Nauert ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG