သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ် ငါးဖမ်းသင်္ဘော အတိုက်ခိုက်ခံရ


Paracel ကျွန်းစုတွေအနီးမှာ ဗီယက်နမ် ငါးဖမ်းစက်လှေများ
Paracel ကျွန်းစုတွေအနီးမှာ ဗီယက်နမ် ငါးဖမ်းစက်လှေများ

တောင်တရုတ်ပင်လယ်ပြင်အတွင်း၊ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Paracel ကျွန်းစုတွေအနီးမှာ ဗီယက်နမ် ငါးဖမ်းသင်္ဘောကို တရုတ်ရေတပ် သင်္ဘောတွေက တိုက်ခိုက်လိုက်ကြောင်း ဗီယက်နမ်သတင်းမီဒီယာတွေမှာ ကြာသပတေးနေ့က ဖော်ပြထားပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ ဇွန်လ ၁၈ ရက်နေ့မှာ ဖြစ်သွားခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီ တိုက်ခိုက်မှုကြောင့် တရုတ်တို့အနေနဲ့ သူ့ရဲ့ စစ်အင်အားကို ပြသနေပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ တရုတ်တို့က Xisha ကျွန်းစုလို့ခေါ်ပြီး ဗီယက်နမ်က Hoang Sa လို့ ခေါ်တဲ့ အဲဒီ Paracel ကျွန်းစုတွေအနီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း အလားတူ ဗီယက်နမ် ငါးဖမ်းသေင်္ဘာကို တိုက်ခိုက်မှုမျိုး ဖြစ်ခဲ့သေးကြောင်း Quang Ngai ခရိုင်က ဗီယက်နမ် အရာရှိတွေက ပြောပါတယ်။

အဲဒီကျွန်းစုတွေဟာ ဗီယက်နမ်နဲ့ရော တရုတ်နဲ့ပါ အကွာအဝေးချင်း တူညီတဲ့ နေရာမှာ တည်ရှိတာ ဖြစ်ပါတယ်။ ဇွန်လ ၁၈ ရက်နေ့မှာ ဖြစ်သွားတဲ့ တိုက်ခိုက်မှုကတော့ - မနက် ၇ နာရီလောက်မှာ ငါးဖမ်းနေတဲ့ ဗီယက်နမ်သင်္ဘောအနီးကို တရုတ်ရေတပ် အရာရှိ ဝတ်စုံတွေ ဝင်ဆင်ထားတဲ့သူတွေ မောင်းလာတဲ့ သင်္ဘောငယ် ၂ စင်းက ချဉ်းကပ်ခဲ့ပြီး - ဗီယက်နမ် သင်္ဘေရဲ့ ဂီယာကို ရိုက်ချိုး၊ အပြင်ကိုယ်ထည်ကို ခွာပစ်လိုက်ပြီးတဲ့နောက် သင်္ဘောမာလိန်မှူးကိုလည်း ကိုယ်ထိလက်ရောက် စော်ကားခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၅ ရက်နေ့က ဖြစ်သွားခဲ့ တိုက်ခိုက်မှုကတော့ - တရုတ်ရေတပ် အရာရှိတွေက ဗီယက်နမ် သင်္ဘောပေါ် တက်လာပြီး သင်္ဘောပေါ်က ပစ္စည်းတွေကို ဖျက်ဆီးခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာ ၆ ထောင်ဖိုးလောက် ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG