သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဖမ်းအဆီးနဲ့ ထိုင်းရောက်မြန်မာအလုပ်သမားပြဿနာ


Burmese Migrants arrested in Maesod.
Burmese Migrants arrested in Maesod.

အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ မြန်မာနိုင်ငံသားအတော်များများဟာ တရားဝင်လမ်းကြောင်းကရော တရားမဝင်လမ်းကြောင်းကပါ ပြည်ပထွက် အလုပ်လုပ်ကိုင်နေကြရာ၊ အခု ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံအတွင်းဥပဒေသစ်ကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးမှုတွေကြမ်းလာတာပါတယ်။ ဒါကြောင့်လည်း မြန်မာအလုပ်သမားတွေ နေထိုင်လုပ်ကိုင်ရေး ပိုမို ခက်ခဲလာပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့အရေးအတွက် သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေဖက်က လက်ရှိ ဘာတွေ ဆောင်ရွက်ပေးနေပါသလဲ၊ ဘာတွေ ဆောင်ရွက်ပေးနိုင်ဖို့ အလုပ်သမားတွေဖက်ကရော မျှော်လင့်နေပါသလဲ၊ အခု အင်္ဂါနေ့ညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ ထိုင်းအခြေစိုက် မြန်မာ့အလုပ်သမားအရေးအကူအညီပေးနေသူတွေဖြစ်ကြတဲ့ ဦးကျော်သောင်းနဲ့ မသက်သက်ဦး၊ မလေးရှားအခြေစိုက် မြန်မာ့အလုပ်သမားအရေးလှုပ်ရှားသူ ကိုသီဟမောင်မောင်တို့ ပင်တိုင်ဆွေးနွေးထားပါတယ်။

ထိုင်းနိုင်ငံ မြန်မာရွေ့ပြောင်းအလုပ်သမားများဖမ်းဆီးမှု
please wait

No media source currently available

0:00 0:22:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG