သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၅၅ နှစ်မြောက် 7 July နှစ်ပတ်လည်နေ့ သတင်းဓာတ်ပုံမှတ်တမ်း

ဒီကနေ့ကျရောက်တဲ့ ၅၅ နှစ်မြောက် 7 July နှစ်ပတ်လည်နေ့မှာ ဗကသ ၊ တကသ အပါအဝင် ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေ ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အဦးမြေနေရာကို လာရောက်ဂါရဝပြုကြရင်း သမဂ္ဂ အဆောက်အဦးပြန်လည်ဆောက်လုပ်ရေး အတွက် တောင်းဆိုကြတာပါ။

၁၉၆၂ ခုနှစ် စစ်အာဏာရှင်လက်ထက်က ဗုံးခွဲဖျက်စီးခဲ့တဲ့ သမဂ္ဂ အဆောက်အဦးကို ခေတ်အဆက်ဆက်ကျောင်းသားမျိုးဆက်တွေရဲ့ ဆန္ဒနဲ့အညီ ပြန်လည်တည်ဆောက်ပေးဖို့ ကျောင်းသားသမဂ္ဂတွေနဲ့ လူငယ်ကွန်ရက်တွေက လက်ရှိ NLD အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ကျောင်းသားတွေအပေါ် အတိတ်ကာလက ကျူးလွန်ခဲ့တဲ့ ကြေကွဲဖွယ်ရာတွေကို လက်ရှိတပ်မတော်ခေါင်းဆောင်တွေက ပြည်သူလူထုထံဖွင့်ဟထုတ်ဖော်ဖို့ကိုလည်း အမျိုးသားလူငယ်ကွန်ဂရက် နဲ့ Genaration Wave အဖွဲ့တို့ကဦးဆောင်ပြီး တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း သမဂ္ဂအဆောက်အဦးပြန်လည် တည်ဆောက်ပေးရေးနဲ့ပတ်သတ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ သက်ဆိုင်ရာကိုယ်စားလှယ်တချို့ တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့် အဆောက်အဦးအသစ်ရဲ့ပုံစံမူကြမ်းကို သဘောတူညီမှုမရခဲ့ကြပါဘူး။

XS
SM
MD
LG