သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလက်နက် ပိတ်ပင်သည့် နိုင်ငံတကာသဘောတူစာချုပ် ကုလအတည်ပြု


နျူကလီးယားလက်နက်ကို ပိတ်ပင်တားမြစ်တဲ့ နိုင်ငံတကာ သဘောတူစာချုပ်တခုကိုချမှတ်လိုက်တဲ့ ကုလသမဂ္ဂ ညီလာခံ (ဇူလိုင် ၇-၂၀၁၇)
နျူကလီးယားလက်နက်ကို ပိတ်ပင်တားမြစ်တဲ့ နိုင်ငံတကာ သဘောတူစာချုပ်တခုကိုချမှတ်လိုက်တဲ့ ကုလသမဂ္ဂ ညီလာခံ (ဇူလိုင် ၇-၂၀၁၇)

နျူကလီးယားလက်နက်ကို ပိတ်ပင်တားမြစ်တဲ့ နိုင်ငံတကာသဘောတူစာချုပ်တခုကို ကုလသမဂ္ဂ ညီလာခံတခုကနေ သောကြာ နေ့က ချမှတ်လိုက်ပါတယ်။ ဒါပေမဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ ၉ နိုင်ငံက သပိတ်မှောက်တာကြောင့် ဒီစာချုပ်ရဲ့ သက်ရောက်မှုအလားအလာအပေါ် သံသယဖြစ်စရာရှိနေပါတယ်။

နိုင်ငံပေါင်း ၁၂၂ နိုင်ငံက ထောက်ခံမဲပေးပြီး စာချုပ်ကို အတည်ပြုလိုက်ပြီးတဲ့နောက် တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက အတော်လေးကြာအောင် မတ်တတ်ရပ်ပြီးတော့ လက်ခုပ်တီး အားပေးခဲ့ကြပါတယ်။ နယ်သာလန်နိုင်ငံက ကန့်ကွက်မဲပေးခဲ့ပြီး စင်္ကာပူကတော့ မဲမပေးဘဲနေခဲ့ပါတယ်။

စာချုပ်ကို လက်မှတ်ရေးထိုးပြီး အတည်ပြုမယ့် နိုင်ငံတွေအနေနဲ့ နျူကလီးယားလက်နက် ဒါမှမဟုတ် နျူကလီးယားဆိုင်ရာ တခြားဖောက်ခွဲရေးပစ္စည်းတွေကို တီထွင်တာ၊ စမ်းသပ်တာ၊ ထုတ်လုပ်တာ၊ တခြားနည်းလမ်းတခုခုနဲ့ ရယူတာ၊ ပိုင်ဆိုင်ထားတာ ဒါမှမဟုတ် သိမ်းဆည်းထားတာတွေကို မလုပ်ရဘူးလို့ ပိတ်ပင် ကန့်သတ်ထားပါတယ်။

ဒါ့အပြင် နျူကလီးယားလက်နက် ဒါမှမဟုတ် နျူကလီးယားဆိုင်ရာ တခြားဖောက်ခွဲရေး ပစ္စည်းတွေကို အသုံးပြုတာ ဒါမှမဟုတ် အသုံးပြုမယ်လို့ ခြိမ်းခြောက်တာကိုလဲ မလုပ်ရဘူးလို့ ပိတ်ပင်ထားတာပါ။ ဒီစာချုပ်ကို နိုင်ငံ ၅၀ က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီဆိုတာနဲ့ စပြီး အာဏာသက်ရောက်မှာလဲဖြစ်ပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားဆိုင်ရာ တင်းမာမှု တိုးလာနေတဲ့ သီတင်းပတ်အတွင်းမှာပဲ ဒီစာချုပ်ကို အတည်ပြုလိုက်ကြ တာလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG