သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Venezuela အစိုးရလုပ်ရပ် မကျေနပ်လို့ ကုလဆိုင်ရာအကြီးတန်း Venezuela သံတမန်နှုတ်ထွက်


ဗင်နီဇွဲလားနိုင်ငံမှာ ဆန္ဒပြအရပ်သားတွေကို ရဲနှိမ်နှင်း။
ဗင်နီဇွဲလားနိုင်ငံမှာ ဆန္ဒပြအရပ်သားတွေကို ရဲနှိမ်နှင်း။

ဗင်နီဇွဲလားနိုင်ငံမှာ အရပ်သားတွေကို အကွက်ကျကျ အပြစ်ပေးအရေးယူနေတာတွေ၊ အစိုးရရဲ့ အကြမ်းဖက်ဝါဒစွဲ လုပ်ရပ်တွေနဲ့ သမ္မတ Nicolas Maduro အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ချိုးဖောက်မှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ ရာထူးကနှုတ်ထွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလား အကြီးတန်းသံတမန်တဦးက ကြေညာလိုက်ပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ ပြိုကွဲပျက်စီးနေတဲ့ တိုင်းပြည်အဆင့်ကို ရောက်နေပြီး၊ ဥပဒေမဲ့ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ အစိုးရကို ဦးဆောင်နေတဲ့ သမ္မတ Maduro ဟာလည်း တာဝန်နဲ့ မထိုက်တန်သူတဦးဖြစ်ကြောင်း မနေ့ညက AP သတင်းဌာနနဲ့ မေးမြန်းခန်းမှာ သံမှူးကြီး Isaias Medina ကပြောဆိုလိုက်တာပါ။

အစိုးရသစ်တရပ်နဲ့ တိုင်းပြည်တာဝန်တွေကို ဆောင်ရွက်နိုင်အောင် သမ္မတ ရာထူးကထွက်ပေးဖို့လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ နိုင်ငံတကာ ရှေ့နေတဦးလည်းဖြစ်တဲ့ သံမှူးကြီး Medina က တောင်းဆိုခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလား သံအမတ်ကြီးကတော့ ရိုးသားမှုမရှိတဲ့အတွက် သံမှူးကြီး Medina ကို ရာထူးက ဖယ်ရှားလိုက်ကြောင်း ပြောဆိုခဲ့တာပါ။

သမ္မတ Maduro အစိုးရကို အထွေထွေ သပိတ်မှောက်ဖို့ အတိုက်အခံတွေက လှုံ့ဆော်ခဲ့တဲ့ မနေ့တုန်းကတော့ ဗင်နီဇွဲလားနိုင်ငံတဝန်းက မြို့တွေမှာ သစ်ပင်တွေ၊ ဝိုင်ယာကြိုးတွေ၊ အမှိုက်သရိုက်တွေ၊ ပရိဘောဂ ပစ္စည်းတွေနဲ့ လမ်းတွေကို ပိတ်ဆို့တားဆီးပြီး ဗင်နီဇွဲလားနိုင်ငံသားတွေ ဆန္ဒပြခဲ့ကြပါတယ်။

တချို့နေရာတွေမှာတော့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ကြတာပါ။ မျက်နှာမှာ အဝတ်စည်းထားတဲ့ လူငယ်အုပ်စုတွေက လမ်းပေါ်မှာရှိတဲ့ အတားအဆီးတွေကို မီးရှို့ဖျက်ဆီးပြီး၊ လုံထိန်းရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြရာမှာ၊ လုံခြုံရေးတပ်ဖွဲ့တွေကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြပါတယ်။

Caracas မြို့စွန်က ဆန္ဒပြပွဲတခုမှာတော့ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာက အသက် ၂၄ နှစ်အရွယ် လူငယ်တဦး သေဆုံးပြီး၊ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရရှေ့နေရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက ရဲကင်းစခန်းတွေကို မီးတင်ရှို့ခဲ့ကြသလို၊ ဆန္ဒပြပွဲတွေအတွင်း လူအများအပြားလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

Venezuela အစိုးရလုပ်ရပ် မကျေနပ်လို့ ကုလဆိုင်ရာအကြီးတန်း Venezuela သံတမန်နှုတ်ထွက်
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG