သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တွေ မြောက်ကိုရီးယား မသွားဖို့ ကန့််သတ်မည်


မြောက်ကိုရီးယားသံရုံး- ဘေဂျင်း။
မြောက်ကိုရီးယားသံရုံး- ဘေဂျင်း။

မြောက်ကိုရီးယားနိုင်ငံကိုသွားတဲ့ အမေရိကန်လူမျိုးတွေ ဖမ်းဆီးခံရနိုင်ခြေ အချိန်ကြာရှည်ထောင်ချခံရနိုင်ခြေ အလွန်များတဲ့အတွက် အမေရိကန်တွေ မြောက်ကိုရီးယား မသွားရလို့တားမြစ်မယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံကူးလက်မှတ်နဲ့ မြောက်ကိုရီးယားသွားတာ၊ မြောက်ကိုရီယားနိုင်ငံကို တဆင့်ခံခရီးသွားတာတွေမလုပ်ရလို့ နိုင်ငံခြားရေးဝန်ကြီးက ကန့်သတ်ချက်ထုတ်ဖို့ ညွှန်ကြားထားကြောင်း နိုင်ငံခြားရေးဌာနပြောခွင့်ရသူက ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အမေရိကန်တက္ကသိုလ်ကျောင်းသား Otto Warmbier မြောက်ကိုရီးယားအကျဉ်းထောင်မှာ သတိမေ့မြောနေခဲ့ပြီး အမေရိကန်ပြန်အရောက် ကွယ်လွန်သွားခဲ့ပြီးနောက်မှာ ခုလို အမေရိကန်လူမျိုးတွေ မြောက်ကိုရီးယားမသွားရလို့ တားမြစ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန်တွေကို မြောက်ကိုရီယား မသွားကြဖို့ မေလ ၉ ရက်တုန်းကပဲ နိုင်ငံခြားရေးဌာနက တိုက်တွန်းချက်ထုတ်ပြန်ထားပါသေးတယ်။ လူသားချင်းစာနာမှု အကူအညီပေးဖို့နဲ့ တခြားကိစ္စတချို့ကြောင့် မြောက်ကိုရီးယားကို သွားဖို့လိုတယ်ဆိုရင် နိုင်ငံခြားရေးဌာနမှာ အထူးခွင့်ပြုချက် Passport လျှောက်ရမှာဖြစ်ပါတယ်။ ခုလိုခရီးသွား တားမြစ်ချက် အကြောင်း ခရီးသွားကုမ္ပဏီတွေကိုလည်း အသိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG