သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပအပေါ် တရုတ်သြဇာသက်ရောက်နေပြီလား


ကမ္ဘာ့ဝှီးဂါ ကွန်ဂရက်စ် WUC ရဲ့ အတွင်းရေးမှူးချုပ် Dolkun Isa ။
ကမ္ဘာ့ဝှီးဂါ ကွန်ဂရက်စ် WUC ရဲ့ အတွင်းရေးမှူးချုပ် Dolkun Isa ။

ထင်ရှားတဲ့ ဝှီးဂါ လူမျိုးစုခေါင်းဆောင်တဦးကို အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ခနတာ ထိန်းသိမ်းခဲ့တဲ့ဖြစ်ရပ်ကြောင့် လူ့ အခွင့်အရေးအဖွဲ့တွေကြား အထူးသတိထားစရာ ဖြစ်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ် ဥရောပမှာ တရုတ်ရဲ့ နိုင်ငံရေးသြဇာ လွှမ်းမိုးမှု ကြီးထွားလာတဲ့အခြေအနေအဖြစ် လူ့အခွင့်အရေးအဖွဲ့တွေက မြင်ကြတာပါ။

ဒီဖမ်းဆီးမှုမှာ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ INTERPOL ရဲ့ ပါဝင်ပတ်သက်မှုကြောင့် ဒီစိုးရိမ်မှုကို ပိုပြီး ကြီးသွားစေပါတယ်။ လက်ရှိ အင်တာပိုလ်အဖွဲ့မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစပြီး အကြီးအကဲဖြစ်နေသူဟာ တရုတ်၊ အများပြည်သူလုံခြုံရေးဆိုင်ရာ ဒုတိယဝန်ကြီး Meng Hongwei ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့အခြေစိုက် ကမ္ဘာ့ဝှီးဂါ ကွန်ဂရက်စ် WUC ရဲ့ အတွင်းရေးမှူးချုပ် Dolkun Isa ကို ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့မှာ ရောမမြို့ရဲတပ်ဖွဲ့က တားဆီးပြီးတော့ ထိန်းသိမ်းလိုက်တာပါ။ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်မှာဝှီးဂါ လူထုရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အီတလီအထက်လွှတ်တော်မှာ ပြောဆိုဖို့ သူ ပြင်ဆင်နေချိန်မှာပဲ အခုလို ထိန်းသိမ်းခံရတာဖြစ်ပါတယ်။

ဂျာမန်နိုင်ငံသားဖြစ်တဲ့ Isa ကို ရောမမြို့ရဲတပ်ဖွဲ့က ရဲစခန်းခေါ်သွားပြီး ဓာတ်ပုံရိုက်၊ လက်ဗွေယူ ပြီးတော့ သုံးနာရီကျော်ကြာ ထိန်းသိမ်းထားပြီးတဲ့နောက်မှာမှ ပြန်လွှတ်ပေးခဲ့တာပါ။ ဘယ်သူဘယ်ဝါဆိုတာ စစ်ဆေးဖို့ ထိန်းသိမ်း တာလို့ဆိုပေမဲ့လဲ သူ့နာမည်ဟာ အင်တာပိုလ်အဖွဲ့ရဲ့ အနီရောင်သတိပေးချက်စာရင်းထဲမှာ ပါနေတာကြောင့် အခုလိုထိန်းသိမ်း တာလို့လဲ အီတလီရဲကပြောတဲ့အကြောင်း Isa ကပြောပါတယ်။ အနီရောင်သတိပေးချက်ကို တရုတ်က ၁၉၉၇ ခုနှစ်မှာ ထုတ်ပြန် ခဲ့တာဖြစ်ပြီး Isa ကိုတော့ အလိုရှိဆုံးအကြမ်းဖက်ဝါဒီအဖြစ် ၂၀၀၃ ခုနှစ်မှာ စာရင်းထည့်သွင်း သတ်မှတ်ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG