သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်တွေ ထပ်မံပစ်လွှတ်


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကို ဒုံးကျည်စခန်းတွင် တွေ့ရစဉ်။(ဇူလိုင် ၂၈-၂၀၁၇)
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ကို ဒုံးကျည်စခန်းတွင် တွေ့ရစဉ်။(ဇူလိုင် ၂၈-၂၀၁၇)

တာတိုပစ် ပဲ့ထိန်းဒုံးကျည်အများအပြားကို မြောက်ကိုရီးယားက သောကြာနေ့မှာ ပစ်လွှတ်ခဲ့ပြီး ဒုံးကျည်တစင်းမှ ပစ်မှတ်ကို မထိ မှန်ခဲ့ဘူးလို့ အမေရိကန် ရေတပ် တပ်မှူးတဦးက အတည်ပြု ပြောလိုက်ပါတယ်။

ဒုံးကျည်သုံးစင်းကို သောကြာနေ့ အမေရိကန်အရှေ့ပိုင်းဒေသစံတော်ချိန် ညနေ ၅ နာရီပတ်ဝန်းကျင်မှာ ၁၀ မိနစ်စီခြားပြီး ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန် ပစိဖိတ်ဒေသစစ်ဌာနချုပ် ပြောခွင့်ရကပြောပါတယ်။ ဒုံးကျည် ပထမတစင်းနဲ့ တတိယတစင်း ဟာ ပျံသန်းနေ ချိန်မှာပဲကျသွားခဲ့ကြပြီး ဒုတိယတစင်းကတော့ လွှတ်ပြီးပြီးချင်းမှာလိုပဲ ပေါက်ကွဲသွားပုံရတယ်လို့ ပြောခွင့်ရက ပြောပါတယ်။

ဒုံးကျည်တစင်းမှ မြောက်အမေရိကတိုက်၊ ဒါမှမဟုတ် မြောက်ကိုရီးယားနဲ့အနီးဆုံး အမေရိကန်ပိုင်နက်ဖြစ်တဲ့ Guam ကျွန်းတို့ အတွက် ခြိမ်းခြောက်မှုမဖြစ်ခဲ့ဘူးလို့ ပစိဖိတ်စစ်ဌာနချုပ် ပြောခွင့်ရကပြောပါတယ်။ မြောက်ကိုရီးယားရဲ့လုပ်ရပ်တွေကို အမေရိကန်တပ်ဖွဲ့တွေက အနီးကပ် ဆက်ပြီး စောင့်ကြည့်သွားမယ်လို့လဲ သူကပြောပါတယ်။

မြောက်ကိုရီးယားက အမျိုးအမည်မသိ ဒုံးကျည်အများအပြားကို Gangwon ပြည်နယ်၊ Gitdaeryong ဒေသကနေ

ပစ်လွှတ်လိုက်ပုံရတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က အစောပိုင်းမှာ ပြောပါတယ်။ စစ်ရေးလေ့ကျင့်ခန်းတခု ရဲ့ တစိတ်တပိုင်းအဖြစ် ပစ်လွှတ်တာဖြစ်ဖွယ်ရှိတယ်လို့လဲ တောင်ကိုရီးယားစစ်ဘက်ကပြောပါတယ်။

ဒုံးကျည်တစင်းထက်မနည်းဟာ ကီလိုမီတာ ၂၅၀ လောက်ထိ သွားပြီးတဲ့နောက် ပင်လယ်ထဲကိုကျသွားတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG