သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ရှောင်တွေရဲ့ နေရပ်ပြန်နိုင်ရေး အလားအလာ


ကချင် စစ်ပြေး ဒုက္ခသည်များ

၆ နှစ်ကြာလာတဲ့ ဒီ စစ်မီးဟာ အခုနှစ်ပိုင်း လပိုင်းတွေမှာပိုပြီး အရှိန်မြင့်တက်လာနေတာကြောင့်၊ ကချင်ဒေသခံ စစ်ဘေးဒုက္ခသည်တွေရဲ့ နေ့စဉ် လူနေမှုဘဝတွေ စီးပွားရေးဘဝတွေ ဘယ်လိုများ ရုန်းကန်နေကြရပါသလဲ။

ကချင်ပြည်နယ်တွင်း ၂၀၁၁ နှစ်ဆန်းပိုင်းကတည်းက ပြန်လည်စတင်လာခဲ့တဲ့ စစ်ပွဲတွေကြောင့် ဒေသခံ ကျေးရွာသားတွေ စစ်ဘေးရှောင် ထွက်ပြေးကြရသလို၊ ကချင်ပြည်နယ်ဒေသအခြေအနေဟာလည်း အတော်လေး မတည်မငြိမ်ဖြစ်နေခဲ့ပါတယ်။ ၆ နှစ်ကြာလာတဲ့ ဒီ စစ်မီးဟာ အခုနှစ်ပိုင်း လပိုင်းတွေမှာပိုပြီး အရှိန်မြင့်တက်လာနေတာကြောင့်၊ ကချင်ဒေသခံ စစ်ဘေးဒုက္ခသည်တွေရဲ့ နေ့စဉ် လူနေမှုဘဝတွေ စီးပွားရေးဘဝတွေ ဘယ်လိုများ ရုန်းကန်နေကြရပါသလဲ ဆိုတာကို မအေးသန္တာကျော်က ပင်တိုင်ဆွေးနွေးသူတွေ ဖြစ်တဲ့ ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း မြစ်ကြီးနားတာဝန်ခံ ဦးဇော်ဂျက်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း မနီလာသိန်း၊ ကချင်ငြိမ်းချမ်းရေးကွန်ယက် ညှိနှိုင်းရေးမှူး မခွန်ဂျာ၊ အမေရိကန်အခြေစိုက် Kachin Alliance ရဲ့ ဥက္ကဌဦး Gum Sum နဲ့ အတူ စနေညပိုင်းတိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

ကချင်စစ်ရှောင်တွေရဲ့ နေရပ်ပြန်ရေး အလားအလာ
please wait

No media source currently available

0:00 0:26:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG