မောင်တောဒေသပဋိပက္ခအခြေအနေ အသေးစိတ်ကို ကိုယ်တိုင်သတင်းယူဖို့ အဲဒီဒေသကို ရောက်ရှိနေတဲ့ ကိုမိုးဇော်ပေးပို့ထားတဲ့ သတင်းဓာတ်ပုံများ ဖြစ်ပါတယ်။ အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးကြရတဲ့ ရခိုင်ဒုက္ခသည်တွေဟာ စာသင်ကျောင်းအချို့မှာ ကျဉ်းကျဉ်းကြပ်ကြပ် စုပြုံနေရပြီး နေထိုင်ရေးမှာ အခက်အခဲရှိနေတယ်လို့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။ မောင်တောအနားမှာရှိတဲ့မွတ်ဆလင်ကျေးရွာကြီးဖြစ်တဲ့ မြို့သူကြီးရွာကတော့ မီးလောင်ပြင်ဖြစ်နေပြီး လူသူကင်းမဲ့နေတယ်လို့လည်း မောင်တောဒေသပဋိပက္ခအခြေအနေ သတင်းယူဖို့ အဲဒီဒေသရောက်ရှိနေတဲ့ ကိုမိုးဇော်က ပြောပါတယ်။
မောင်တောရောက် ဗွီအိုအေသတင်းထောက် ပေးပို့သော သတင်းဓာတ်ပုံများ

၅
မီးလောင်ရာရောက် ခရိုင်အုပ်ချုပ်ရေးမှုးနဲ့ မီဒီယာအဖွဲ့

၆
၃၀ရက်နေ့က အကြမ်းဖက်သမားများက လူ ၅ဦးသတ်ဖြတ်ခဲ့တဲ့နေရာ

၇

၈