သုံးရလွယ်ကူစေသည့် Link များ

ထိုင်းအထူးစုံစမ်းရေး စံပြကွန်ယက်ဆု ထိုင်းရောက်မြန်မာနိုင်ငံသားများ အဖွဲ့ဝင်ဦးစိုင်းအေးကို ချီးမြှင့်


ထိုင်းအထူးစုံစမ်းရေး စံပြကွန်ယက်ဆု ထိုင်းရောက်မြန်မာနိုင်ငံသားများ အဖွဲ့ဝင်ဦးစိုင်းအေးကို ချီးမြှင့်
ထိုင်းအထူးစုံစမ်းရေး စံပြကွန်ယက်ဆု ထိုင်းရောက်မြန်မာနိုင်ငံသားများ အဖွဲ့ဝင်ဦးစိုင်းအေးကို ချီးမြှင့်

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့က ဦးစိုင်းအေးခေါ် ကိုတီးကို လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အတူပူးပေါင်းဆောင်ရွက်ကူူညီကယ်ဆယ်မူတွေအတွက် ထိုင်းအစိုးရ အထူးစစ်ဆေးရေးအဖွဲ DSI ကနေ DSI Model Network ဆုကိုပေးအပ်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ဟာ ထိုင်းနိုင်ငံတွင်းက လူကုန်ကူးခံ ရတဲ့မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားတွေကို ကူညီကယ်ဆယ်ခဲ့တဲ့ ဒုတိယအကြိမ် အဖြစ် DSI Model Network ဆုကို ဒီအပတ်ထဲမှာပဲရရှိခဲ့တာပါ။

၂၀၁၇ခုနှစ်အတွက် ဆုကိုတော့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲက ဦးစိုင်းအေးခေါ်ကိုတီးက ရရှိခဲ့တာဖြစ်တဲ့ အကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းကဆိုပါတယ်။

"ဒီနှစ်အတွက်က ထိုင်းရောက်မြန်မာနိုင်ငံသားများ အဖွဲ့က ရုံးတာဝန်ခံ နဲ့ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ က အဖွဲ့ရဲ့ကိုယ်စား DSI က ချီးမြှင့်တဲ့ DSI Model Network ဆုကို ဒုတိယအကြိမ်မြောက် ရရှိတာဖြစ်တယ်။ ဒီနှစ်ထဲမှာဆိုရင် ကျနော်တို့က လုံခြုံရေးအခြေအနေအရ အရင်ကထက်စာရင် လုပ်ရတဲ့အခင်းအကျင်းတွေနည်းတယ် နည်းပေမဲ့ လူက များတယ် များတယ်ဆိုတော့ မလေးရှားနယ်စပ်ကို သုံးကြိမ်နှိမ်နှင်းရတယ် နောက်ပြီးတော့ တခြားသော ငါးဖမ်းလှေတွေမှာလည်း များတယ်။ နောက်ပြီးတော့ လိင်အလုပ်သမားအဖြစ် ရောင်းစားခံရတာတွေလည်း နှစ်ကြိမ် သုံးကြိမ်ဖြစ်တယ် စုစုပေါင်း ၁၁ကြိမ်မှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားပေါင်း ၁၂၀ကျော်လောက်ကို ကျနော်တို့ ကူညီနိုင်ခဲ့ပြီဖြစ်တယ်။"

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဒီဆုကို ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့က ဦးကျော်သောင်း ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုရရှိတဲ့အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ အားတခုဖြစ်လာရတယ်လို့လည်း ဦးစိုင်းအေး ကပြောပြပါတယ်။

" ကျနော်တို့ ဒီလိုမျိုး ဆုရတာတော့ အားရှိတာပေါ့နော် ကျနော်တို့ လုပ်ရကျိုးလည်း နပ်တယ် အလုပ်သမားတွေကိုလည်း များသောအားဖြင့် အရင်ကထက်ပိုပြီး ထိထိရောက်ရောက် ကူညီနိုင်တယ်လို့လည်း ယူဆတယ်ပေါ့ ဒီလိုမျိုး ရတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ကျတော့ အားရှိလာတာပေါ့ ဒါမျိုးတွေကျတော့ ကျနော်တို့ လုပ်လာတာ ၂၀၁၂ ကတည်း ကျနော် ဆုနှစ်ခုရဖူးတယ်။"

ထိုင်းနိုင်ငံတွင်းမှာ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကိုလုပ်တာ လူကုန်ကူးခံရသူတွေကို ကယ်ဆယ်တာဟာအလွန်ခက်ခဲပြီး ထိုင်းအစိုးရ အာဏာပိုင်တွေရဲ့ အကူညီကိုရယူခဲ့ရပါတယ် ဒီလိုရယူတဲ့အခါမှာလည်း သတင်းအချက်မှန်တွေပေးရတာ အပြင် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့ရပါတယ် ဒီအတွက် သူတို့ဟာ လူပွဲစားတွေရဲ့ခြိမ်းခြောက်မူတွေကို ခံခဲ့ရပါတယ် တချို့ငါးဖမ်းလှေတွေပေါ်မှာရောင်းစားခံရတဲ့ သူတွေကို ကယ်ဆယ်တဲ့အခါမှာ အန္တရာယ်များနဲ့ကြုံတွေ့ရတယ်လို့လည်းပြောပြကြပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ကို ထိုင်းအစိုးရ လူကုန်ကူးမူ တိုက်ဖျက်ရေးအဖွဲ့ကလည်း ဆုတွေပေးခဲ့ဘူးပါတယ်။ ဒါအပြင်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကလည်း ဂုဏ်ပြုလွှာတွေပေးခဲ့ဘူးပါတယ်။ ထိုင်းအစိုးရ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ DSI ကလည်း အခုလိုဆုအပြင် ဂုဏ်ပြုမှတ်တမ်းတွေလည်း ပေးအပ်ခဲ့ဘူးပါတယ် ဒါဟာ သူတို့နဲအတူ ထိုင်းနိုင်ငံတွင်းကလူကုန်ကူးမူတွေကို တိုက်ဖျက်ရာမှာ ပူးပေါင်းလုပ်ဆောင်ခဲ့တာကြောင့်လို့ဆိုပါတယ် အဖွဲအစည်း တည်ထောင်ပြီး ၁၃နှစ်ကျော်ကာလအတွင်းမှာတော့ ထောင်ဂဏန်းရှိတဲ့ မြန်မာနိုင်ငံသား လူကုန်ကူးခံရသူတွေကို ထိုင်းအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့DSI နဲ့ပူးပေါင်းပြီး ကူညီကယ်ဆယ်ခဲ့ပါတယ်။

XS
SM
MD
LG