သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၁၀၀ ကျော်နစ်မြုပ်နေတဲ့ သင်္ဘောပျက် ၂ စီး၊ ကန်နဲ့ ကနေဒါကြား Huron ကန်ကြီးမှာတွေ့


သင်္ဘောပျက်ကို ရေအောက်ကင်မရာကတစ်ဆင့် တွေ့ရစဉ် (စက်တင်ဘာ ၂၀၁၇)
သင်္ဘောပျက်ကို ရေအောက်ကင်မရာကတစ်ဆင့် တွေ့ရစဉ် (စက်တင်ဘာ ၂၀၁၇)

လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က နစ်မြုပ်ခဲ့တယ်လို့ ယူဆရတဲ့ သင်္ဘောပျက် နှစ်စီးကို အမေရိကန်နဲ့ ကနေဒါနှစ်နိုင်ငံကြားမှာ ရှိတဲ့ Huron ရေကန်မြောက်ဖက်မှာ ရှာဖွေတွေ့ရှိတယ်လို့ အမေရိကန်အဏ္ဏဝါဗေဒရှေးဟောင်းသုတေသီတွေက ပြောပါတယ်။ ၁၈၉၄ ခုနှစ်တုန်းက နစ်မြုပ်သွားတဲ့ သစ်နဲ့ဆောက်ထားတဲ့ ကုန်တင်သင်္ဘော Ohio နဲ့ ၁၉၁၅ ခုနှစ်တုန်းက နစ်မြုပ်သွားတဲ့ စတီးနဲ့ ဆောက်ထားတဲ့ ရေနွေးငွေ့သုံး သင်္ဘော Choctaw တို့ကို ရှာတွေ့ကြောင်း သုတေသီတွေက သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။ ပေ ၂၀၂ ပေ ရှည်တဲ့ Ohio သင်္ဘောဟာ ကောက်ပဲသီးနှံတွေ အပြည့်တင်လာစဉ် ရွက်လွှင့်သင်္ဘောတစ်ခုနဲ့ တိုက်မိပြီး သင်္ဘော ၂ စီးလုံးမြုပ်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရွက်လွှင့်သင်္ဘောပေါ်က သင်္ဘောသား ၅ ယောက်လည်း ရှာမတွေ့ဘဲ ဒီဖြစ်စဉ်အတွင်း သေဆုံးခဲ့ပါတယ်။ ပေ ၂၆၆ ပေ ရှည်တဲ့ Choctaw သင်္ဘောဟာ ကျောက်မီးသွေးတင်ဆောင်လာစဉ် ကနေဒါကုမဏီပိုင် ရေနွေးငွေ့သုံး ကုန်တင်သင်္ဘောနဲ့ မြူတွေထူထပ်တဲ့အချိန်မှာ တိုက်မိတာ ဖြစ်ပါတယ်။ ဒီသင်္ဘော၂စီးလုံးက သင်္ဘောသားတွေအားလုံးကိုတော့ ကယ်ဆယ်လိုက်နိုင်ပါတယ်။ Huron ရေကန်အောက်ခြေမျက်နှာပြင်ကို sonar အသံလှိုင်းသုံး စွမ်းအားမြင့်စက်တွေနဲ့ ရှာကြည့်စဉ် မေလတုန်းက ဒီသင်္ဘောတွေရဲ့ သဲလွန်စကို ရှာတွေ့တာလို့ Thunder Bay အမျိုးသားအဏ္ဏဝါဗေဒထိန်းသိမ်းရေးအဖွဲ့က သုတေသီတွေက ပြောပါတယ်။ Huron ရေကန်ရဲ့ ၄၃၀၀ စတုရန်းကီလိုမီတာအတွင်း သင်္ဘောပျက် ၂၀၀ လောက်ရှိမယ်လို့ သုတေသီတွေက ယူဆပြီး တဝက်လောက်ကို ရှာတွေ့ထားပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG