သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၈.၂ အဆင့်ရှိ ငလျှင်လှုပ်ခတ်မှု လူ ၁၆ ဦးထက် မနည်းသေဆုံး


က္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၈.၂ အဆင့်ရှိ ငလျှင်လှုပ်ခတ်မှု (စက်တင်ဘာ ၈-၂၀၁၇)
က္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ ပြင်းအား ၈.၂ အဆင့်ရှိ ငလျှင်လှုပ်ခတ်မှု (စက်တင်ဘာ ၈-၂၀၁၇)

မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာကြာဿပတေးနေ့က ပြင်းအား ၈.၂အဆင့်ရှိတဲ့ ငလျှင်တခု လှုပ်သွားတာကြောင့် လူ ၁၆ဦးထက်မနည်းသေဆုံးသွားပါတယ်။ ဒါဟာ နှစ်ပေါင်း ၁၀၀ အတွင်း အပြင်းထန်ဆုံးငလျှင်ဖြစ်တယ်လို့ မက္ကဆီကို သမ္မတ Enrique Pena Nieto ကပြောပါတယ်။ မက္ကဆီကိုနိုင်ငံတောင်ဘက်က Tonala မြို့ကနေ ကီလိုမီတာ ၁၀၀ အကွာ၊ ပစိဖိတ်ကမ်းရိုးတမ်းအနီးမှာ ငလျင်လှုပ်သွားတာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ငလျင်ကြောင့်Chiapas ပြည်နယ်တောင်ပိုင်းမှာ အိမ်တွေပြိုကျ သွားပါတယ်။အခုငလျင်ဟာ ၁၉၈၅ ခုနှစ်ကလူပေါင်း ထောင်ချီသေဆုံး ခဲ့ရတဲ့ ငလျင်ထက်ပိုကြီးတယ်လို့ သမ္မတ Enrique Pena Nieto က သောကြာနေ့မှာ ပြောပါတယ်။

အမေရိကန် ဘူမိဗေဒဌာနရဲ့ ထောက်လှမ်းချက်ကတော့သလျင်ဟာ ပြင်းအား ၈.၁ အဆင့်လို့ဖော်ပြပါတယ်။ ငလျှင်ကြောင့် ၁ မီတာမြင့်တဲ့ ဆူနာမီရေလှိုင်း အသေးစားတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ပစိဖိတ်ဆူနာမီသတိပေးဌာနကပြောပါတယ်။ ဆူနာမီကြောင့် ပျက်စီးမှုတွေရှိခဲ့သလားဆိုတာကတော့ ချက်ချင်းမသိရပါဘူး။

အိမ်တွေ၊ ကျောင်းတွေ နဲ့ ဆေးရုံတွေလည်း ငလျှင်ကြောင့် ထိခိုက်ပျက်စီးသွားတယ်လို့ Chiapas အုပ်ချုပ်ရေးမှုး Manuel Velasco ကရုပ်မြင်သံကြားတွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။ငလျှင်ဒဏ်ကို ဝေးလံလှတဲ့ Mexico Cityနဲ့ Guatemala City ထိတောင် သိရှိခံစားခဲ့ကြတာပါ။ ငလျှင်ကြောင့် အမေရိကတိုက်အလယ်ပိုင်းနိုင်ငံ အတော်များများ အတွက် ဆူနာမီသတိပေးချက်တွေ ကို အမေရိကန် ဆူနာမီသတိပေးရေးဌာနက အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပေမယ့်နောက်ပိုင်း ပြန်ရုပ်သိမ်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG