သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြသနာ အမြန်ဆုံးဖြေရှင်းရေး ကုလတောင်းဆို


ရခိုင်က ရိုဟင်ဂျာအရေး ဆန္ဒပြတောင်းဆိုနေကြစဉ်။ (စက်တင်ဘာ-၅-၂၀၁၇)
ရခိုင်က ရိုဟင်ဂျာအရေး ဆန္ဒပြတောင်းဆိုနေကြစဉ်။ (စက်တင်ဘာ-၅-၂၀၁၇)

Bangladesh နိုင်ငံရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်ပြဿနာကို အရေးပေါ်ဖြေရှင်းဖို့ ကုလသမဂ္ဂက သောကြာနေ့က တောင်းဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ လှိမ့်ဝင်လာတဲ့အတွက် အရင်ရှိနေတဲ့ ဒုက္ခသည်စခန်းတွေမှာ လက်ခံနိုင်တဲ့ ပမာဏထက်ကို ၂ ဆကျော်တိုးပြီး လက်ခံထားရတဲ့အတွက် အခြေအနေ မနိုင်မနင်းဖြစ်နေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်း ၂ ပါတ်အတွင်းမှာတင် Bangladesh ဖက်ရောက်လာတဲ့ ရိုဟင်ဂျာ ၂ သိန်း ၇ သောင်းနီးပါးရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

"မြန်မာဘက်ကနေ ပြေးလာကြသူတွေအရေအတွက်က အလွန်ကိုများပြားနေပါတယ်။ အဲဒီထဲက ၈၀% လောက်က အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ကြလို့ UNICEF ပြောခွင့်ရသူ Marixie Mercado ပြောသွားတာပါ။

ရခိုင်ပြည်နယ်ဘက်ကနေ ထွက်ပြေးလာကြရင်း သေဆုံးသွားသူတွေရှိသလို တရွာလုံးကို မီးရှို့တာတွေလည်းရှိတယ်လို့ မျက်မြင်တွေက ပြောနေကြပါတယ်။ August လ ၂၅ ရက်နေ့က နယ်စပ်လုံခြုံရေးစခန်းတွေအပေါ် ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့က အချိန်ကိုက် တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေပါတယ်။

မျက်မြင်တွေရဲ့ ပြောကြားချက်တွေ အရင်ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု ပုံစံတွေကိုအခြေခံပြီး သေဆုံးသူ ၁ ထောင်ကျော်လောက်ရှိမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းရေးမှူး Yanghee Lee က ခန့်မှန်းပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG