သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေပိုင်နက်ချိုးဖောက်မှု မြန်မာကို ဘင်္ဂလားဒေ့ရှ် ကန့်ကွက်


မြန်မာ-ဘင်္ဂလားနယ်စပ်က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက ဘင်္ဂလားနယ်စပ်လုံခြုံရေးဂိတ်။

မြန်မာနိုင်ငံဘက်က ဟယ်လီကော်ပတာ ရဟတ်ယာဉ်တွေနဲ့ အဝေးထိန်း Drone တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ သူတို့အခေါ်အားဖြင့် ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည် အမြောက်အများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်လာခဲ့အပြီး နှစ်နိုင်ငံတင်းမာမှုတွေ မြင့်မားလာချိန်မှာ ခုလိုဖြစ်လာခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံမှူးကို ဒက္ကားမြို.တော်မှာ ဆင့်ခေါ်ပြီး ခုလို ဘင်္ဂလားဒေ့ရှိလေပိုင်နက်ထဲ ချိုးဖောက် ဝင်ရောက်မှုကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည် ပြဿနာကြီးမားလာခဲ့အပြီး ခုလို မြန်မာသံမှုးကို ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ဆင့်ခေါ်သတိပေးခဲ့တာက အခုဆို (၃) ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။

အခုလိုအချိန်မှာ ကမ္ဘာ့ကုလသမဂ္ဂ ပြောခွင့်ရ Stephane Dujarric က မြန်မာဖက်ကနေ ဘင်္ဂလားဒေ့ရှိကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက်ဟာ ၃၉၁ ၀၀၀ ကျော်အထိ တိုးလာနေပြီလို့ မနေ့ကပဲ ထုတ်ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG