သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်မြေအောက်ရထားဗုံးခွဲမှု သံသယရှိသူတဦးဖမ်းမိ

ပေါက်ကွဲမှု ဖြစ်ပွားရာ လန်ဒန်မြို့ Parsons Green မြေအောက်ဘူတာရုံ (စက်တင်ဘာ ၂၀၁၇)
ပေါက်ကွဲမှု ဖြစ်ပွားရာ လန်ဒန်မြို့ Parsons Green မြေအောက်ဘူတာရုံ (စက်တင်ဘာ ၂၀၁၇)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ သောကြာနေ့က လူသွားလူလာများတဲ့အချိန်အတွင်း မြေအောက်ရထားကို ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး လူတဦးကို ဖမ်းဆီးလိုက်တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

အသက် ၁၈ နှစ်အရွယ်အမျိုးသားတဦးကို Dover ဆိပ်ကမ်းဒေသမှာ စနေနေ့မနက်က ဖမ်းဆီးလိုက်တယ်လို့ ဗြိတိန်အာဏာပိုင်တွေက ပြောပါတယ်။ Dover ဆိပ်ကမ်းဟာ ဗြိတိန်နဲ့ ပြင်သစ်ကြား ရေကြောင်းနဲ့သွားလာတဲ့ အဓိက ကူးတို့ဆိပ်ကမ်းနေရာဖြစ်ပါတယ်။ ဗြိတိန်ရဲတပ်ဖွဲ့ရဲ့ကြေငြာချက်မှာတော့ ဒီဖမ်းဆီးမှုဟာ အရေးပါတဲ့ဖမ်းဆီးမှုဖြစ်တယ်လို့ ပြောထားပါတယ်။

ရထားပေါ်ပါလာတဲ့ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ Parsons Green ဘူတာရုံကို ပြန်ဖွင့်လိုက်လို့ လန်ဒန်ပို့ဆောင်ရေးအာဏာပိုင်တွေက စနေနေ့မနက်အစောပိုင်းမှာ ပြောပါတယ်။

လူမှုကွန်ရက်မှာ တင်ထားတဲ့ ဗုံးပုံကတော့ မီးလောင်နေတဲ့ ရေပုံးတခုပုံမျိုးတွေရပါတယ်။ အဲဒီရေပုံးကို ပလတ်စတစ်အိတ်ထဲ ထည့်ထားပြီးတော့ ရထားရဲ့ တံခါးနားမှာ ထားထားတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် ၊ ဗြိတိန်နိုင်ငံရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲလေ့လာဆန်းစစ်မှုဌာနက အကြမ်းဖက်ခြိမ်းခြောက်မှုအန္တရာယ်ကို စိုးရိမ်ရတဲ့အဆင့်ကို တိုးမြှင့်လိုက်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက ပြောကြားလိုက်ပါတယ်။

လန်ဒန်မြေအောက်ရထားဗုံးခွဲမှု သံသယရှိသူတဦးဖမ်းမိ
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

This item is part of
​
XS
SM
MD
LG