သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နမ္မတူမှာ စစ်တပ်နဲ့ တအာင်းTNLAတပ် တိုက်ပွဲ ရက်ဆက်ဖြစ်


TNLA တပ် -TNLA News & Information Department
TNLA တပ် -TNLA News & Information Department

NCAအပစ်ရပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ တအာင်းပလောင်တပ်ဖွဲ့TNLAနဲ့ မြန်မာ့တပ်မတော်တို့ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအတွင်း ရက်ဆက်ဆိုသလို တိုက်ပွဲတွေဖြစ်ပွါးနေဆဲဖြစ်ပါတယ်။ နှစ်ဖက်တပ်အကြား ဖြစ်ပွါးနေတဲ့ စစ်ရေးပဋိပက္ခ အတွင်း ရပ်ရွာကနေတိမ်းရှောင်လာခဲ့တဲ့ စစ်ရှောင်ရွာသား (၅၀၀)ကျော်ဟာလဲ နမ္မတူမြို့အတွင်းမှာ သောင်တင်နေဆဲဖြစ်ပြီး ယနေ့တိုင်နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ ထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ဟိုနားကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ တအာင်းပလောင်တပ်ဖွဲ့TNLA တို့အကြား မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့တယ်လို့ TNLAပြန်ကြားရေးအရာရှိ ဗိုလ်မှူးတာ့အိုက်ကျော်က ပြော ပါတယ်။

"မနေ့ကတော့တိုက်ပွဲ နမ္မတူမြို့နယ် ဟိုနားကျေးရွာအနီးမှာဖြစ်တယ်။ တိုက်ပွဲက မနက်ပိုင်းတကြိမ် နေ့လည်ပိုင်း တကြိမ်ပြန်ဖြစ်တယ်။ တိုက်ပွဲထိခိုက်မှုကိုတော့ ကျွန်တော်တို့ဘက်ကမရှိဘူး။ မြန်မာ့တပ်မတော်ဘက်ကမသိရ သေးဘူး။ မြန်မာ့တပ်မတော်ကကျွန်တော်တို့ရှိတဲ့ဘက်ခြမ်းကိုတက်လာတော့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွါးတယ်။ နောက်ဆက်တွဲအခြေအနေကတော့ နှစ်ဖက်လုံးအဲဒီဘက်မှာရှိသေးတယ်။ တိုက်ပွဲကထပ်ဖြစ်လာနိုင်တဲ့အနေ အထားရှိသေးတယ်။"

တလနီးပါးတိုက်ပွဲရပ်တန့်ရာကနေ စက်တင်ဘာလ(၁၁)ရက်နေ့ကစပြီး ဒီကနေ့အထိ နှစ်ဖက်အကြားတိုက်ပွဲ (၁၁)ကြိမ်ဖြစ်ပွါးခဲ့တယ်လို့ သူကဆိုပါတယ်။

ဒီလိုရက်ဆက်တိုက်ပွဲဖြစ်ပွါးမှုနဲ့ပက်သက်လို့ မြန်မာ့တပ်မတော်ဘက်က သတင်း ထုတ်ပြန်တာမျိုးတော့ မတွေ့ရ သေးပါဘူး။

မြန်မာ့တပ်မတော်နဲ့ တအာင်းပလောင်တပ်ဖွဲ့TNLAတို့အကြား ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် ဒေသခံတွေ ကျေးရွာကနေထွက်ပြေးတိမ်းရှောင်ရမှုတွေ ထိခိုက်မှုတွေရှိနေခဲ့တာပါ။

လက်ရှိနမ္မတူမြို့အတွင်း စခမ်း(၃)ခုမှာ စစ်ဘေးရှောင်(၅၀၀)ကျော်သောင်တင်နေဆဲလို့ စစ်ရှောင်စခမ်း အကူညီ ပေးရေး ဒုဥက္ကဌ ဦးစိုင်းဘညာဏ်ကပြောပါတယ်။

"မန်တုန်မြို့နယ်အတွင်းမှာရှိတဲ့ လွယ်ဟေးအုပ်စုတို့ နန်ဟိုင်းအုပ်စုတို့ နောင်ဆန်းအုပ်စု မန်ပန်းအုပ်စုဆိုပြီးတော့ ရွာပေါင်း(၁၆)ရွာ အိမ်ထောင်စုက(၁၂၁)စုလူဦးရေက (၅၆၃)ဦးရှိသေးတယ်ခင်ဗျ။ TNLAနဲ့တပ်မတော်ပေါ့ဖြစ်နေ တယ်။ အဲဒီအတွက်ကြောင့်သူတို့တိမ်းရှောင်လာကြတာပေါ့နော်။ သူတို့လဲ အဲတာကိုစိုးရိမ်တာနဲ့ မပြန်ရဲကြတာ ပေါ့နော်။"

ဒီစစ်ရှောင်တွေဟာ မနှစ်က မြန်မာ့တပ်မတော်နဲ့ တအာင်းပလောင်တပ်ဖွဲ့တိုက်ပွဲအတွင်း နေရပ်ကနေ တိမ်းရှောင် လာကြသူတွေဖြစ်ပြီး ဒီကနေ့အထိနေရပ်ရင်း ကိုမပြန်နိုင်သေးပါဘူး။

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲအတွင်းဒေသခံရွာသားတွေ ရပ်ရွာကနေတိမ်းရှောင်ရမှုအပြင် ထိခိုက်မှုတွေလဲရှိနေပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ(၁၃)ရက်နေ့မှာ နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာဘက်မှာ မြန်မာ့တပ်မတော်နဲ့ တအာင်း ပလောင်တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွါးခဲ့စဉ်အတွင်း တပ်မတော်ဖက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုကြောင့် ရွာသား(၄)ဦး လက်နက်ကြီးထိမှန်ခဲ့သလို လူနေအိမ်ခြေ(၁၅)အိမ်လောက်ပျက်စီးမှုဖြစ်ပွါးခဲ့ပါတယ်။

ရှမ်းပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြား စစ်ရေးတင်းမာ မှုတွေ ရှိနေသေးသလို စစ်ရေးပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုခံနေရဆဲ ဖြစ်စဉ်တွေလဲ ရှိနေဆဲဖြစ်ပါတယ်။

၂၀၁၇ခုနှစ်ဇူလိုင်မှစက်တင်ဘာလအတွင်း တပ်မတော်ကနေ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုန်းမြို့နယ်ဒေသမှာ ကျူး လွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုဖြစ်စဉ် နဲ့ပက်သက်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ စိုင်းကွန်းလျောင်းကအခုလိုပြောပါတယ်။

"ဇူလိုင်လကနေစက်တင်ဘာလအထိ လူ့အခွင့်အရေးချိုးဖေါက်ခံရတဲ့ လူပေါင်း(၂၂)ယောက်ရှိတယ်။ အဲဒီ(၂၂)ယောက် ထဲမှာမှ တယောက်ပစ်သတ်ခံရတယ်။ နောက်ထပ်(၃)ယောက်ကတော့ဆိုးဆိုးဝါးဝါးပေါ့။ အဲတာကြောင့်မို့ ကျွန်တော်တို့ထုတ်ပြန်ချက်ထုတ်ရတယ်။"

လက်ရှိရှမ်းပြည်မြောက်ပိုင်းဒေသမှာ တအာင်းပလောင်တပ်ဖွဲ့ မြောက်ပိုင်းရှမ်းပြည် တပ်မတော်SSPP/SSA တောင် ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSA ကချင်လွတ်လပ်ရေးအဖွဲ့KIOတို့ အခြေပြုလှုပ်ရှားနေကြပါတယ်။

ဒီအထဲမှာ တအာင်းပလောင်တပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့KIOတို့ဟာ မြန်မာ့တပ်မတော်နဲ့ စစ်ရေး တင်း မာနေဆဲ အခြေအနေမှာရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG