သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုငလျင်ကြောင့် သေဆုံးသူ ၂၉၃ ယောက်ရှိသွားပြီ


ငလျင်ဒဏ်သင့် မက္ကဆီကို စီးတီးမြို့တော် (စက်တင်ဘာ ၂၀၁၇)
ငလျင်ဒဏ်သင့် မက္ကဆီကို စီးတီးမြို့တော် (စက်တင်ဘာ ၂၀၁၇)

အင်္ဂါနေ့က လှုပ်သွားတဲ့ မက္ကဆီကိုနိုင်ငံ ငလျင်ကြောင့် သေဆုံးသူ ၂၉၃ ယောက်ရှိသွားပြီလို့ မက္ကဆီကို တာဝန်ရှိသူတွေက ပြောပါတယ်။ ပြိုကျနေတဲ့ အဆောက်အအုံတွေကြား အသက်ရှင်နေနိုင်သေးသူတွေကို ရှာဖို့ ကယ်ဆယ်ရေးလုပ်သားတွေက ဇွဲမလျှော့တမ်း ဆက်လက်ရှာဖွေနေပါတယ်။

သေဆုံးသူ ထက်ဝက် ၁၅၅ ယောက်ဟာ နိုင်ငံမြို့တော် Mexico City က ဖြစ်တယ်လို့ အမျိုးသားပြည်သူ့ကာကွယ်ရေးအကြီးအကဲ Luis Felipe Puente က ပြောပါတယ်။ တခြားပြည်နယ်တွေ ဖြစ်ကြတဲ့ Morelos မှာ ၇၃ ယောက်၊ Puebla မှာ ၄၅ ယောက်၊ Mexico ပြည်နယ်မှာ ၁၃ ယောက်၊ Guerrero မှာ ၆ ယောက်၊ နဲ့ Oaxaca မှာ ၁ ယောက် စသည်ဖြင့် ဒီပြည်နယ်တွေမှာတော့ သေဆုံးသူဦးရေ ထပ်တိုးမလာကြောင်း သောကြာနေ့တုန်းက twitter စာမျက်နှာက ကနေ ဖော်ပြထားပါတယ်။

ပြင်းအား ၇.၁ ရှိတဲ့ မြေငလျင် အင်္ဂါနေ့တုန်းက လှုပ်ခတ်သွားချိန်က စပြီး အသက်ရှင်နေသေးသူတွေကို ကယ်တင်ဖို့ Mexico နိုင်ငံအလယ်ပိုင်းက ကယ်ဆယ်ရေးလုပ်သားတွေက မနားတမ်း ရှာဖွေနေကြပါတယ်။ အဲဒီလို ကူညီသူတွေထဲမှာ အစ္စရေး၊ ဂျပန်နဲ့ အမေရိကန် စတဲ့နိုင်ငံတွေလည်း ပါဝင်ပါတယ်။ Mexico City မြို့တော်နဲ့ အနီးတစ်ဝိုက်က မြို့တွေ က နေ အနည်းဆုံး လူ ၆၀ ဦးကို ကယ်တင်ပြီးပါပြီရှင်။

မက္ကဆီကိုငလျင်ကြောင့် သေဆုံးသူ ၂၉၃ ယောက်ရှိသွားပြီ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG