သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့မြောက်ကိုရီးယား အစိုးရချင်းတိုက်ရိုက်ဆက်သွယ်နေပြီလို့ ကန်နိုင်ငံခြားရေးဝန်ကြီး ဆို

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un

အမေရိကန်အစိုးရနဲ့ မြောက်ကိုရီးယားအစိုးရ တိုက်ရိုက်ဆက်သွယ်မှု ရရှိနေပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောပါတယ်။

ပြီးတော့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un အစိုးရဟာ ဒီဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ တကယ်ပဲ စိတ်ဝင်စားသလားဆိုတာ စုံစမ်းနေတယ်လို့ မြောက်ကိုရီးယားရဲ့နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး ရှေ့တိုးလုပ်ဆောင်နေမှုကို ဝိုင်းဝန်းဖိအားပေးရာမှာ တရုတ်နိုင်ငံရဲ့ ပူးပေါင်းမှုရရေး ကြိုးပမ်းဖို့ ပီကင်းမြို့တော်မှာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပဲ ပြောသွားပါတယ်။

တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားရဲ့ nuclear လက်နှက်နဲ့ ဒုံးကျည်အစီအစဉ်ကို ဆက်မလုပ်ဖို့ ဘယ်လိုဖိအားပေးနိုင်မလဲဆိုတာနဲ့ တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံ ကုန်သွယ်ရေးနဲ့ ရှေ့လ နိုဝင်ဘာလမှာ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာမယ့် အမေရိကန်သမ္မတ Donald Trump ရဲ့ ခရီးစဉ်အတွက် ဘယ်လိုပြင်ဆင်ကြမလဲဆိုတာတွေကို ခေါင်းဆောင် ၂ ဦး ဆွေးနွေးခဲ့ကြတာပါ။

စနေနေ့ အစောပိုင်းကတော့ တရုတ်နိုင်ငံရဲ့ထိပ်တန်းသံတမန်ဖြစ်သူ နိုင်ငံတော်ကောင်စီဝင် Yang Jiechi၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ အိမ်နီးချင်း မြောက်ကိုရီးယား နိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု မှာ တရုတ်နိုင်ငံက အများဆုံး လုပ်နေတာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ပြည်ပကုန်သွယ်မှု ၉၀% က တရုတ်နိုင်ငံနဲ့ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက ကျောက်မီးသေး သံ၊ သံသတ္တုရိုင်း၊ ခဲ၊ ခဲသတ္တုရိုင်း နဲ့ ပင်လယ်စာ တွေ တင်သွင်းနေတာကိုလျှော့ချဖို့ ကိစ္စမှာ အမေရိကန်နဲ့ အနီးကပ်တိုင်ပင်ဆွေးနွေးတာတွေ ရှိတာပါ။

အခုဆို တရုတ်က ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုအတိုင်း လိုက်နာလုပ်ဆောင်ပြီး မြောက်ကိုရီးယားနဲ့ စီးပွားရေးလုပ်နေတာတွေကို ရပ်တန့်ချင်တဲ့ပုံ ပိုတွေ့လာရတယ်လို့ အမေရိကန် အရာရှိတွေကလည်း ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နဲ့ ဒုံးကျည်အစီအစဉ်ကို ဆက်မလုပ်ဖို့ဖိအားပေးတဲ့အနေနဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပိုတင်းကြပ်လုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG