သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Las Vegas ပစ်ခတ်မှု သတင်းဓာတ်ပုံများ

အမေရိကန် ပြည်ထောင်စု နီဗားဒါး ပြည်နယ် လာစ့်ဗေးဂတ်စ်မြို့က Country Music ဂီတဖျော်ဖြေပွဲ တခုမှာ မနေ့ တနင်္ဂနွေနေ့နှောင်းပိုင်း အမျိုးသားတဦးက ပစ်ခတ်တာကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးပြီး ၄၀၀ ကျော် ဒဏ်ရာရရှိတဲ့ အကြောင်း ရဲက ပြောပါတယ်။ ဂီတပွဲ ကျင်းပရာနေရာနဲ့ လမ်းဘဲခြားတဲ့ မန္တလေးဘေး ကာစီနိုရဲ့ ၃၂ ထပ်မှာ တိုက်ခိုက်သူက နေရာယူ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လာစ့်ဗေးဂတ်စ် မြို့တော်ရဲတပ်ဖွဲ့ အကြီးအကဲ Joseph Lombardo က သတင်းထောက်တွေကို ပြောပါတယ်။ ပစ်ခတ်ခံရတဲ့ ဂီတပွဲကွင်းပြင်မှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာတော့ သေနတ်ပစ်ခတ်သံတွေ ဆက်တိုက်ထွက်လာနေတာမှာ ဂီတပွဲကြည့်ပရိတ်သတ် ခေါင်းငုံ့ပြီး အကာကွယ်ယူနေကြပုံတွေ၊ အော်ဟစ် ပြေးလွှားနေကြပုံတွေ တွေ့ရပါတယ်။

သေနတ်သမားက အသက် ၆၄ နှစ် အရွယ် Stephen Paddock ဖြစ်ပြီး သူ့ရဲ့ နောက်ကြောင်းရာဇဝင်ကို အာဏာပိုင်တို့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ တကိုယ်တော် သေနတ်သမားဖြစ်ပုံရပြီး သူ့အိမ်ကို ရဲက ရှာမယ်လို့လည်း ရဲအဖွဲ့ အကြီးအကဲ Lombardo က ပြောပါတယ်။ အကြမ်းဖက်မှု နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေက သေနတ်သမားကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီး သေနတ်သမားကိုတော့ အသေဖမ်းမိကြောင်း၊ သူ့ရဲ့ ဟိုတယ်ခန်း အတွင်းက လက်နက်တွေ အများကြီး တွေ့ရတဲ့ အကြောင်းလည်း ရဲမှူးက ပြောပါတယ်။

ဘာရည်ရွယ်ချက်နဲ့ လုပ်ခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ သတင်းအချက်အလက်တွေ ထပ်ရဖို့ အတွက် သေနတ်သမားရဲ့ အခန်းဖော် ဖြစ်တဲ့ အမျိုးသမီး တဦးကို အာဏာပိုင်တွေ ရှာဖွေနေကြပါတယ်။ ဒေသခံ ဖြစ်ပြီး တဦးတည်း လှုပ်ရှားခဲ့တယ်လို့ အာဏာပိုင်တွေ ယူဆကြတာ ဖြစ်ပြီး အခုအချိန်ထိတော့ ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲ ဆိုတာ မသိရသေးဘူးလို့လည်း ရဲက ပြောပါတယ်။ ဂီတပွဲ ပစ်ခတ်မှု အတွင်း သေဆုံးသူတွေထဲမှာ တာဝန်ချိန် ပြင်ပ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားတဲ့ ဒေသ တဝိုက်မှာက လာစ့်ဗေးဂတ် နိုင်ငံတကာ လေဆိပ်လည်း ရှိနေပြီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာ လေကြောင်း ခရီးစဉ်တွေကိုလည်း ယာယီ ဆိုင်းငံ့လိုက်ပါတယ်။

နောက်ထပ်ကြည့်ရှုရန်

XS
SM
MD
LG