သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆက်လက်ကူညီမည်

ရိုဟင်ဂျာဒုက္ခသည် (စက်တင်ဘာ ၂၀၁၇)
ရိုဟင်ဂျာဒုက္ခသည် (စက်တင်ဘာ ၂၀၁၇)

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း ပဋိပက္ခတွေကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင် စုစုပေါင်း တသန်းနီးပါးကို ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့ Bangladesh ဝန်ကြီးချုပ် Sheikh Hasina ဒီကနေ့ စနေနေ့မှာပဲ ပြောကြားသွားတယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။

နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့တွေကို သူက ချီးကျူးသွားပြီး သူတို့ရဲ့ အကူအညီနဲ့ ကျွန်းကကျွန်းပေါ်မှာ ယာယီစခန်းတွေ ဆောက်ပေးမယ့် အစီအစဉ်ကို ဆက်ပြီးအကောင်အထည်ဖော်မယ်လို့ Ms. Hasina က ပြောပါတယ်။ နယ်စပ်ဒေသမှာ တင်းမာမှုတွေဖြစ်ပွားရတာအတွက် မြန်မာအစိုးရကို သူက အပြစ်တင်လိုက်ပြီး ဒီပဋိပက္ခကို သေချာသတိထားကိုင်တွယ်ဖို့ သူက ဘင်္ဂလားလုံခြုံရေးတပ်ဖွဲ့တွေကို ညွှန်ကြားထားပါတ.ယ်။ သူ့ရဲ့ အစိုးရအနေနဲ့ ဒုက္ခသည်တွေကို စားရေရိက္ခာနဲ့ နေထိုင်စရာ ဆက်ပြီးပံ့ပိုးပေးနေမယ်၊ လိုအပ်လာရင် သူတို့တနေ့ကို ထမင်းတနပ်ပဲစားပြီး ကျန်တာကို ဝေစားမယ်လို့ ပြောသွားကြောင်း AP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

သြဂုတ်လကုန်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ မြန်မာနိုင်ငံသားတွေက ဘင်င်္ဂါလီလို့ ရည်ညွှန်းတဲ့ ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည် ၅ သိန်းကျော်ရှိပါတယ်။ Bangladesh ဝန်ကြီးချုပ် Ms. Hasina က အခုလို ဒုက္ခသည်တွေကို လက်ခံပေးထား တာ သူတို့ဒေသကို ပြန်နိုင်တဲ့ အခြေအနေရောက်တဲ့အထိ ယာယီအတွက်ဖြစ်တယ်လို့ ဒီကနေ့ပဲ ထပ်ပြောသွားပါတယ်ရှင်။

ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆက်လက်ကူညီမည်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG